စျာပနခန်းမထဲ၌လူအကုန်လုံးရှင်းသွားသည်အထိ ထိုင်နေသည့်နေရာမှ တစ်ချက်မှမထတဲ့ ချွမ်ရွေ့ကြောင့် ထယ်ရယ် ချွမ်ရွေ့ဘေးကို အသာသွားထိုင်မိသည်။
"ချွမ်ရွေ့ ကိုကိုတို့အိမ်ပြန်ကြရအောင် .."
"သား ချွမ်ရွေ့..."
ထယ်ရယ့်နောက်က အန်ကယ်လ်ရဲ့အသံထွက်လာသည့်အခါ တစ်ချိန်လုံးငြိမ်နေသည့် ချွမ်ရွေ့ဟာ ခေါင်းငုံ့နေရာက မော့ကြည့်လာသည်။ မျက်ဝန်းတွေက နီရဲလို့ ....။
"ခင်ဗျားဘာလာလုပ်တာလဲ ... "
"ချွမ်ရွေ့!!! အန်ကယ်လ့်ကို ဘယ်လိုပြောလိုက်တာလဲ .... "
ထယ်ရယ် ကြားထဲကဝင်ပြောမိတော့ အန်ကယ်လ်က ဘာမှမပြောဖို့ လက်ကာပြသည်။
"သား ရွေ့ရွေ့ .... "
"မခေါ်နဲ့ .... အဲနာမည်ကို မခေါ်နဲ့ .... မာမီဆုံးရတာ ဒယ်ဒီကြောင့် ... ဒယ်ဒီဖောက်ပြန်လို့ ..ဒယ်ဒီကမာမီ့ကိုဂရုမစိုက်လို့ ..... မာမီ ဒီလိုဖြစ်နေတဲ့အချိန်မှာတောင် .ဒယ်ဒီက ဒယ်ဒီ့ဟာမဆီသွားနေရတာနဲ့ မာမီ့အနားရှိမပေးနိုင်ဘူးမလား .. မာမီ့ဈာပနကိုတောင် မှီအောင်ပြန်မလာနိုင်ပဲ အခုမှဘာလာလုပ်တာလဲ ... ထွက်သွား ...ထွက်သွားလို့ ...."
အော်ဟစ်ကာ သောင်းကျန်းနေတဲ့ ချွမ်ရွေ့ကိုယ်ကို ထယ်ရယ် အသာထိန်းရင်း ....
"ချွမ်ရွေ့ ကိုကို ပြောတာနားထောင်စမ်း... အန်ကယ်လ်တန်းပြန်မလာနိုင်တာက ...."
"မကြားချင်ဘူး .... အခုမှလာပြီး ဘာမှမကြားချင်ဘူး ရှင်းမပြနဲ့ .... အခုချိန်ကစပြီး ဒယ်ဒီလည်း ဒယ်ဒီ့စိတ်တိုင်းကျ နေ ...ဒယ်ဒီသွားချင်တဲ့ဆီကြိုက်သလောက်သာ သွား ...ကျွန်တော်လည်း ကျွန်တော်ကြိုက်သလိုနေတော့မှာ ...."
"ချွမ်ရွေ့!!!.....ချွမ်ရွေ့!!!!..... "
ထထွက်သွားတဲ့ နောက် ထယ်ရယ်လိုက်ဖို့ ပြင်လိုက်ပေမဲ့ ...
"ရွေ့ရွေ့ကို ဒီနေ့တော့ လွှတ်ထားပေးလိုက် ... သားထယ် ..."
အန်ကယ်လ့်ရဲ့စကားကြောင့် ချွမ်ရွေ့နောက်လိုက်မဲ့ခြေလှမ်းတွေရပ်လိုက်သည်။
YOU ARE READING
That One Person [ COMPLETED ]
Fanfictionငါ့ရဲ့နောက်ဆုံးဆုတောင်းက မင်း ဆိုတဲ့ လူတစ်ယောက်ပါပဲ ~•