ထယ်ရယ်ထွက်သွားလို့မိနစ်အတော်ကြာသည်အထိ ရုံးခန်းထဲလေထုက ထူးဆန်းပြီးတိတ်ဆိတ်နေသည်။ ရစ်ခီရော ဂျီအွန်းရော ဘယ်သူကစပြီး ဘာပြောလို့ပြောရမှန်းမသိ။ နောက်ဆုံး ဂျီအွန်းကပဲ ....
"အစစအရာရာ အဆင်ပြေတယ်မလား .ရစ်ခီ ..ထယ်ရယ်နဲ့ကရော.... "
"ပြေပါတယ် ....ဂျီအွန်းရှီးးးး ..... မဂ်လာပွဲတုန်းက မလာဖြစ်တာ sorry ပါဗျ ... ဒယ်ဒီဆုံးခါစဆိုတော့ ကျွန်တော်တို့နှစ်ယောက်လုံး company ပြန်လည်ပတ်နိုင်အောင် တော်တော်အချိန်ယူလိုက်ရလို့ပါ ...."
"မဟုတ်တာ ...ရပါတယ်ရစ်ခီရဲ့ .....နောက်ပြီး ဟျောင်း လည်း မင်းတို့ သတင်းတွေလည်းကြားပါတယ် ... ရစ်ခီရှန်ကတော်ကြောင်း .ရစ်ခီ ... ရှန် groupကို လက်လွှဲယူမှအောင်မြင်လာတာတွေလည်း တွေ့ပါတယ်... ဟျောင်း တကယ်ချီးကျူးတယ်..."
ဂျီအွန်းရဲ့ ချီးကျူးစကားကြောင့် ရစ်ခီ မနေတတ်သလို အသာ ပြုံးလိုက်ရင်း ...
"တကယ်တော့ ဘေးမှာ ကိုကို အဲ ကင်မ်ထယ်က ..ရှိနေပေးခဲ့လို့ပါ ..ကျွန်တော် ဆိုးသွမ်းတုန်းကလည်း သူပြုပြင်ပေးခဲ့တယ် ...စိတ်ဓာတ်ကျတဲ့အချိန်တိုင်း ၊ လက်လျော့ချင်တဲ့အချိန်တိုင်း သူကအမြဲရှိနေပေးခဲ့တာလေ ... အရာအားလုံးထက် ကျွန်တော့်ဘဝက သူမရှိလို့မဖြစ်ဘူး ထင်ပါတယ် ... တစ်ခါတစ်လေ ကျ အရင်က ဆိုးခဲ့၊လျစ်လျူရှုခဲ့မိတာတွေအတွက်နောင်တရလို့မဆုံးဘူး ...."
ထယ်ရယ့်အကြောင်းကိုပြောနေတဲ့အချိန် ခပ်ပြုံးပြုံးဖြစ်နေတဲ့ ရစ်ခီ့ရဲ့မျက်ဝန်းတွေမှာ မြတ်နိုးမှုတွေ၊အကြင်နာတွေအပြည့်တွေ့လိုက်ရတာမို့ ဂျီအွန်းပါပြုံးမိသွားသည်။ လူတွေဟာအချစ်နဲ့တွေ့ရင် အရာအားလုံးမြတ်နိုးမှုအပြည့်နဲ့ပါလား ....
"ရစ်ခီရဲ့ မျက်လုံးတွေကြည့်ရုံနဲ့ ထာ်ရယ့်ကိုဘယ်လောက်ချစ်ကြောင်း သိသာပါတယ် ..ဒါနဲ့...ဟျောင်းကိုပေါ့ပေါ့ပါးပါး ဟျောင်းလို့ပဲခေါ်ပါ ... "
"အာ ဟုတ် ..ဟျော ဟျောင်း....ဒါနဲ့ သူတို့ဘာလို့ကြာနေလဲမသိဘူး ...ကျွန်တော် ဖုန်းဆက်ကြည့်လိုက်အုံးမယ် ....."
DU LIEST GERADE
That One Person [ COMPLETED ]
Fanfictionငါ့ရဲ့နောက်ဆုံးဆုတောင်းက မင်း ဆိုတဲ့ လူတစ်ယောက်ပါပဲ ~•