That One Person - 11

534 69 9
                                    

          "ချွမ်ရွေ့  .... ထမယ်  ....."

ထယ်ရယ် လိုက်ကာတို့အား ဖွင့်လိုက်ရင်း ကုတင်ထက်ရှိ ချွမ်ရွေ့အား နှိုးလိုက်သည်။ သို့သော် ကိုယ်တော်ချောက တုပ်တုပ်မှမလှုပ် ....

       "ရွေ့ရွေ့  ..... ဒီနေ့ ချိန်းထားတာ အရေးကြီးတယ်နော် နောက်ကျလို့မရဘူးလို့ .... ထတော့လို့ဆို "

    "အင်းးး  ကိုကို  5မိနစ် ....."

လက်ငါးချောင်းထောင်ပြရင်း  စောင်ကိုခေါင်းမူးခြုံကာ ပြန်အိပ်သွားတာကြောင့် ထယ်ရယ် စိတ်ရှည်စွာ သူ့ရဲ့ရှေ့ဆံပင်လေးတွေကို ဖူးခနဲနေအောင်မှုတ်ထုတ်လိုက်ရင်း ....ချွမ်ရွေ့ဘေးဝင်ထိုင်ကာ .ခြုံထားတဲ့စောင်ကိုဆွဲခွာလိုက်သည်။ ထို့နောက် .... ကိုယ်ကိုအသာကိုင်းကာ ချွမ်ရွေ့မျက်နှာအား လက်နှစ်ဖက်နဲ့ ကိုင်လိုက်ရင်း ထယ်ရယ့်မျက်နှာကို သူ့မျက်နှာနားအထိ တိုးလိုက်တော့ အောက်က ရှန်ချွမ်ရွေ့တစ်ယောက် နှုတ်ခမ်းစူပေးလာသည်။ အိပ်ချင်ယောင်ဆောင်နေတဲ့ဟာလေး ညဏ်များနေတာ ...တွေ့မယ် ....။

     "  အားးးးးး  ကိုကို့  ...."

နှာခေါင်းအုပ်ကာ စူပုတ်ပြီးထထိုင်လာသည့် ချွမ်​ရွေ့ကို ကြည့်ကာ ထယ်ရယ် ရယ်လိုက်မိသည်။ မှတ်ပလား နမ်းမယ်ထင်ပြီး နှုတ်ခမ်းစူလာပေးပေမဲ့ ထယ်ရယ် တမင် နှာခေါင်းချွန်ချွန်ကို ဆွဲကိုက်ပစ်တာ ...။

     "အခု အိပ်ချင်ပြေသွားပြီမလား ထတော့ . . .. ဒီနေ့ project ပူးပေါင်းမဲ့ company က တော်ရုံဆိုလက်မခံဘူးပြောတယ် ... ငါတို့က ကြိုရောက်နေသင့်တယ် ...."

    "ဟွန်း ........ "

ထယ်ရယ်ပြောတာကို နှာမှုတ်ရင်း ရေချိုးခန်းထဲဝင်သွားတဲ့ သူကြောင့် ကောက်သွားပြီမှန်းသိလိုက်ရသည်။ ထယ်ရယ်အိပ်ရာခင်းအား ဖြန့်ပြီး အိပ်ရာသိမ်းရင်း ခေါင်းအုံးတွေပါ သူ့နေရာနဲ့သူ အစီအစဉ်တကျထားလိုက်သည်။ အရင်တုန်းက အဝင်မခံခဲ့တဲ့ ချွမ်ရွေ့အခန်းဟာ  အခုတော့ သူ့အခန်းလိုပါဖြစ်နေသည်။ ဖြစ်ဆို သူက ညတိုင်း ချွမ်ရွေ့အခန်းမှာချည်းပဲ အိပ်ပျော်ပျော်သွားတာကိုး။ ထိုအချိန် ရေချိုးခန်းတံခါးဖွင့်သံကြောင့် ထယ်ရယ်အတွေးတွေရပ်ကာ ချွမ်ရွေ့ဆီကြည့်မိသည်။ ခါးအောက်ပိုင်းကို တဘက်ပတ်ထားပြီး ခေါင်းရေပြောင်အောင်မသုတ်တာကို ထယ်ရယ်မကြိုက်မှန်းသိရက်သားနဲ့ ခေါင်းပေါ်ကရေစက်လက်ကိုမသုတ်ပဲ အကျ်ီဝတ်ဖို့ပြင်နေသည်။ ထယ်ရယ် သက်ပြင်းချလိုက်ရင်း တစ်ခါတစ်ခါ ထထကောက်တတ်သည့်ကလေးဆိုးကြီးအား လက်ကဆွဲခေါ်ကာ ကုတင်ပေါ်ထိုင်ခိုင်းရင်း ခေါင်းကဆံနွယ်ဖြူတို့ကို ရေခြောက်အောင် သုတ်ပေးရတော့သည်။ ထိုအချိန်ထိ ချွမ်ရွေ့ နှုတ်ခမ်းကစူတူတူဖြစ်နေတာကြောင့်  ထယ်ရယ်တစ်ချက်ပြုံးလိုက်ရင်း ချွမ်ရွေ့မေးဖျားကမော့ကာ နှုတ်ခမ်းကိုငုံ့နမ်းလိုက်သည်။

       " ပြွတ်စ်  .... ကျေနပ်တော့  ..ကလေးလိုနှုတ်ခမ်းကြီးစူမနေနဲ့တော့ ...အမေ့!!! "

That One Person [  COMPLETED ]Where stories live. Discover now