Part 5

1.4K 98 33
                                    

[Unicode]

"အင်ဆော...."

ဦးလေးဖြစ်သူ ဆောင်ဟွန်းမင်းသားရဲ့ခေါ်သံကြောင့် အနီရောင်ပန်းဖိနတ်ကိုစီးထားသည့် သူ့ခြေလှမ်းတို့ရပ်သွားသည်။

ဦးလေးဖြစ်သူအား ခုနကတည်းကတွေ့ပေမယ့်မသိချင်ယောင်ဆောင်ကာကျော်သွားဖို့ပြင်နေသည့်အချိန် လှမ်းခေါ်လိုက်တာကြောင့် မကျေမလည်တော့ဖြစ်သွားရ၏။

"အရှေ့နန်းကိုဘာလာလုပ်တာလဲ..."

"အရှင်မင်းကြီးအတွက် မုန့်ချိုလာပို့တာပါ....ဘာဖြစ်လို့လဲ"

အနောက်မှ သူ့အစေခံလက်ထဲက သစ်သားချိုင့်အားမျက်စပစ်ကာဖြေပြီး သူ့ကိုပြန်မေးသည်။အရှေ့နန်းထဲဝင်လာသည့် အနီရောင်အရိပ်ကိုမြင်တော့ ကြင်ယာတော်ကင်မ်ထင်လိုက်တာ သူ့တူမဖြစ်နေမယ်လို့ဆောင်ဟွန်းမထင်ထား။ ခါတိုင်းဝတ်နေကျခရမ်းရောင်ဝတ်ရုံနဲ့မဟုတ်ဘဲ အနီရောင်ဝတ်ရုံနဲ့မို့မျက်စိ စပါးမွေးစူးစရာကောင်းနေသည်။

"အဲ့ဒီအနီရောင်ဝတ်ရုံက မင်းနဲ့လိုက်ဖက်မှုရှိတယ်ထင်နေတာလား..."

ဆောင်းဟွန်းရဲ့စကားကြောင့် အင်ဆောရဲ့မျက်လုံး၌ ဒေါသအရိပ်ငွေ့တို့ဖြတ်ပြေးသွားသည်။မျက်နှာလေးမော်ချီလျက်....

"ဦးလေးဘာကိုဆိုလိုတာလဲ...အနီရောင်ဝတ်ရုံနဲ့အင်ဆောနဲ့ကဘာဖြစ်နေလို့လဲ...ဟမ်"

သွေးသားတော်စပ်မှုအနေနဲ့ ဦးလေးနဲ့တူမဖြစ်သော်လည်း အသက်နှစ်နှစ်သာကွာ သည်မို့ အင်ဆောက ဆောင်းဟွန်းကိုဆို အမြဲလိုလို မရိုမသေပြောဆိုတတ်သည်။ ယခုလဲ ဆောင်းဟွန်းကဲ့သို့နန်းသွေးအပြည့်ပါသော တော်ဝင်မင်းသားတစ်ပါးအပေါ် အင်ဆောရဲ့ အပြောအဆိုဟာ ရိုင်းပြလွန်းနေ၏။

"ကိုယ့်အဆင့်အတန်းနဲ့ကိုယ်သိသင့်တယ်အင်ဆော.... ချီနန်းတော်မှာ အနီရောင်ဝတ်ရုံဆိုတာ ချီဧကရာဇ်ရဲ့ ကြင်ယာတော် ဧကရီမိဖုရားတစ်ပါးပဲဝတ်ဆင်ခွင့်ရှိတာ...အထူးသဖြင့် မဂ်လာကိုဆောင်ယူတဲ့အနီရောင်အဝတ်ကို မဂ်လာအပေါင်းနဲ့ပြည့်စုံတဲ့ ကြင်ယာတော်ကင်မ်လိုယောက်ျားပဲဝတ်ဆင်ခွင့်ရမှာမျိုးလေ...."

The Love Sleeping Under The Moonlight Where stories live. Discover now