Part 18

1K 85 52
                                    

[Unicode]Part 18

________________

ငြိမ့်ငြောင်းသာယာသောတူရိယာသံတို့နှင့် အမွေးရနံ့ပေါင်းစံတို့ ထုံသင်းနေလေ့ရှိသော ကြာမြိုင်ဆောင်။ကြာမြိုင်ဆောင်ရဲ့ထိပ်ဆုံးအထပ်ရှိ အခန်းထဲမှာတော့ စုန့်ပြည်ကိုအုပ်ချုပ်သည့် မင်ဘုရင် နှင့် ဒယ်ရှီတွေရဲ့ခေါင်းဆောင်မင်။

အညိုရောင်ကျွန်းစားပွဲရှည်ရဲ့ထိပ်တစ်ဖက်တစ်ချက်၌ နေရာယူထိုင်နေကြပြီး သူတို့အရှေ့မှာတော့ သစ်သားပြားတစ်ခုပေါ်ရေးဆွဲထားသည့် ချီအင်ပါယာရဲ့ မူပုံစံတည်ရှိသည်။

"ပြင်ဆင်ချိန်သုံးရက်ပဲကျန်နေတယ်...လောစရာတော့မရှိဘူး...အဓိက,က..."

ဒယ်ရှီနယ်မြေ၌ချထားသည့်စစ်မြင်းအားယူကာ ဂယန်းဂိုတောင်ထိပ်ဆီသို့ပို့လိုက်သည့် မင်ဘုရင်။

ခေါင်းဆောင်မင် မျက်ခုံးတစ်ချက်ပင့်လိုက်ကာ...

"အဲလောက်ကွယ်ကူမယ်လို့အရှင်မင်းကြီးဘာလို့ထင်နေတာလဲ"

ဂယန်းဟိုတောင်ခြေမှ ချီရဲ့စစ်မြင်းရုပ်ကို တောင်ကြားလမ်းဘက်ချလိုက်သည့် ခေါင်းဆောင်မင်။ ပြောချင်တာက သူတို့ဘက်က ဂယန်းဂိုတောင်ထိပ်ကိုကျူးကျော်နိုင်ရင် ချီတွေကလဲ တောင်ကြားလမ်းကို အပိုင်သိမ်းနိုင်တယ်ဆိုတဲ့သဘော။

"သေချာပေါက် ချီဘုရင်က စစ်ဗျူဟာမခင်းဘဲတိုက်လိမ့်မယ်...အဲတာက ရန်သူကို သူ့ဘက်က လှည့်စားခြင်းတစ်မျိုးပဲ...သူတို့မှာစစ်မျက်နှာဖြန့်စရာမရှိဘူးခေါင်းဆောင်မင်...ကျုပ်တို့ဘက်မှာ ဂယန်းဟိုလွင်ပြင်ရှိတယ်...ဂယန်းဟိုလွင်ပြင်မှာစစ်မျက်နှာဖြန့်နိုင်တာနဲ့ တောင်ကြားလမ်းအရှေ့ကပိတ်ပြီး ဂယန်းဟိုကိုသိမ်းလို့ရပြီ"

ဂယန်းဟိုတောင်ထိပ် မူပုံစံ၌ ချထားသည့် ချီရဲ့သက်ေတအား စစ်မြင်းရုပ်ဖြင့်တိုက်ချကာ ပြုံးပြုံးလေးပြောသည့် အရှင်ဂျီမင်း။

"လုပ်သင့်တာတစ်ခုက...ဂယောင်းဟိုရဲ့ အနောက်ဘက်တောင်ခြေမှာ တပ်ဖျောက်ထားဖို့ပဲ"

စစ်ပရိယာယ်ကြွယ်တယ်ဆိုပြီးသူကြားထားတဲ့သတင်းကို ခေါင်းဆောင်မင် တစ်စ တစ်စယုံကြည်လာသည်။ စစ်ပွဲအတွက် အလောတကြီးဖြစ်မနေဘဲ ဘယ်အချိန်ဖြစ်ဖြစ် အေးအေးဆေးဆေးဖြင့် စစ်ဗျူဟာတစ်ခုကို လွယ်လင့်တကူဖော်နိုင်သည်အထိ မင်ဘုရင်က ပရိယာယ်များလွန်းနေတာ။

The Love Sleeping Under The Moonlight Where stories live. Discover now