Part 28

686 85 14
                                    

[Unicode]Part 28

________________________

ယနေ့မနက်၌ ထူးခြားစွာပင် ထယ်ယောင်းစိတ်တို့ကြည်ကြည်သာသာရှိနေခဲ့သည်။ မနက်အာရုဏ်မတက်ခင်ကတည်းက နိုးထနေပြီး ကိုယ်လက်သန့်စင်ပြီးသည်နှင့် ဆွမ်းတို့နဲ့အတူ ညကတည်းကစီမံထားသော မုန့်တို့အားယူဆောင်ကာ ဘုရားကျောင်းသို့ မြင်းလှည်းနှင့်ထွက်လာခဲ့၏။

ဒီနေ့တော့ ထယ်ယောင်းက ဖက်ဖူးစိမ်းရောင် ပိုးပျော့သား ဝတ်ရုံအပေါ့ကို ရိုးရိုးလေးဝတ်ထားသည်။နန်းဆောင်နေရင်းဝတ်နေကျ ဝတ်ရုံရှည်တို့နဲ့ကွဲလွှဲသည်မို့ ထယ်ယောင်းကိုယ်လေးပေါ့ပေါ့ပါးပါးရှိနေ၏။

အထူးတလည်ပြင်ဆင်ခြယ်သခြင်းမရှိသော်လည်း မွှေးညှင်းပေါက်တို့ကင်းမဲ့သော မျက်နှာလှလှလေးက ပကတိအေးချမ်းဖွယ်။
ညာဘက်နဖူးထောင့်မှဆံစဖြူဖြူတို့အား ပင့်သိမ်းကာ ကျစ်၍ ဆံထုံးအောက်ခြေ၍ ရစ်ခွေထားသည်ကပင် ထယ်ယောင်းရဲ့အလှအား ပိုတိုးသွားစေသလိုရှိလေသည်။ အပေါ်ဆံထုံးခပ်ပုံ့ပုံ့၌ပင် ကျောက်ပန်းကပ်ကလေးများပန်ဆင်ထားသည်မှလွှဲ၍မည်သည့်တန်ဖိုးကြီးရတနာမှမဆင်ယင်ထား။

ကိုယ်၌လည်း ဘယ်ဘက်လက်ကောက်ဝတ်ထံမှ ကျောက်စိမ်းလက်ကောက်တစ်ရံနှင့်ဘယ်ဘက်လက်ညှိုးဆီမှ ကျောက်စိမ်းလက်စွပ်တစ်ကွင်းကလွှဲ၍ ဧကရီမိဖုရားနှင့် သက်ဆိုင်သည့် မည်သည့်အဖိုးတန်ရတနာမှမရှိ။ဤကဲ့သို့ အဆင်တန်ဆာကင်းမဲ့နေသည့် ထယ်ယောင်းရဲ့ပုံစံဟာလဲ တစ်မျိုးတစ်ဖုံပင် ထူးဆန်းကာ ကျက်သရေရှိနေလေ၏။

မြို့ထဲလမ်းကိုဖြတ်မောင်းလာတော့ မနက်ဈေးဖွင့်ချိန်မို့ လူသံသူသံ တစ်စို့စို့ကြားရသည်။ ထယ်ယောင်းက မြင်းလှည်းပြတင်းအား လှပ်ကာ အပြင်ဘက်သို့လှမ်းကြည့်၏။

မနက်ခင်းအစောပိုင်း၌ပင် တစ်ဝမ်းတစ်ခါးအတွက်သက်ဝင်လှုပ်ရှားနေကြတဲ့ နန်းမြို့တော်ကလူသူတွေ။ ဈေးခြင်းတောင်းကိုယ်စီဖြင့် ဈေးဝယ်လာကြသူများလဲရှိသလို လမ်းပေါ် ဖျာချပ်ခင်းကာ ပါလာသည့်အသီးအရွက်တို့အားတို့ချရောင်းနေသောဈေးရောင်းသူတို့ကိုလဲတွေ့ရသည်။

The Love Sleeping Under The Moonlight Where stories live. Discover now