Part 6

1.2K 97 51
                                    

[Unicode]တစ်ပျိုးတစ်ပြောက်ကျန်ရစ်သည့်နေရောင်တို့က အရှေ့နန်းခေါင်မိုးပေါ် ဖျော့ဖျော့လေးကျဆင်းနေသည်။နန်းဝင်းအတွင်းမှ ခါးလောက်သာသာရှိကြသည့် အမျိုးစုံသောပန်းပင်များက လေပြည်လာတိုင်းသွဲ့သွဲ့ယိမ်းလျက် နွဲ့နွဲ့ကလေးကကြ၏။

မြက်ခင်းစိမ်းပေါ် ဟိုဟိုသည်သည် ခုန်ပြေးနေကြသည့် ယုန်ဖြူတို့က ညနေခင်းရဲ့အေးချမ်းမှုကိုနှစ်သက်ကာ စိတ်လွတ်ကိုယ်လွတ်ပျော်မြူးနေကြသယောင်။တောင်ပံတဖျတ်ဖျတ်ခတ်ကာ ပျံဝဲနေသည့်လိပ်ပြာဖြူလေးက အဖြူရောင်ဇာစတို့လျှပ်လွှင့်နေသည့်လေသာဆောင်လက်ရန်း၌လာနားသည်။

လေသာဆောင်အတွင်း မျက်နှာချင်းဆိုင်အနေအထားဖြင့် ကျားကစားနေကြသည့် ယောက်ျားနှစ်ဦး။ရွှေရောင်၌ အဖြူရောင်ချယ်ရီပွင့်တို့ဖောက်သော ရိုးရှင်းသည့် ယွန်းရိုးရာအဝတ် ဖြင့် ဖျတ်လတ်သည့်အသွင်ကိုဆောင်နေသော ယွန်း၏အိမ်ရှေ့မင်း။ လက်ချောင်းရှည်ရှည်တို့က ကျောက်ဆစ်ကျားစေ့ဖြူဖြူအား ကျားကွက်၌ ပုံစံကျစွာချသည်။

စကားသံတို့ကား တိတ်ဆိတ်လျက်။
တစ်ခါတစ်ရံ၌သာ ထွက်ပေါ်လာတတ်သော ကျားစေ့ချင်းပွတ်တိုက်သံမှလွဲ အားလုံးဟာဆိတ်ငြိမ်လို့။

တတိယမြောက်ကစားပွဲစတင်သည်မှာမကြာသေးသည်မို့ ဒီပွဲ၌ဘယ်သူကတိုက်စစ်၊ဘယ်သူက ထိုးစစ်မှန်းမသဲကွဲသေးပါ။ပထမကစားပွဲမှာ အရှင်ဂျွန်နိုင်ပြီး။ ဒုတိယကစားပွဲမှာ မင်းသားကင်မ်နိုင်သည်ဖြစ်ရာ ယခုတတိယမြှောက်ကစားပွဲဟာ ဒီနေ့အတွက်အနိုင်အရှုံးအဆုံးအဖြတ်။

စကားတစ်လုံးတစ်ပါဒမှမပြောပဲ ရုပ်တည်တည်ဖြင့် ကျားကစားနေကြသော အရှင်နှစ်ပါးကြောင့် ခပ်လှမ်းလှမ်းမှခစားရန်အသင့်ရှိနေသောသူများမှာ တုတ်တုတ်ပင်မလှုပ်ရဲအောင်ရှိနေသည်။

ဒီတစ်ကြိမ်မှာတော့ အရှင်ဂျွန်ဆီမှအနက်ရောင်ကျားစေ့တစ်ခုက မင်းသားကင်မ်၏အဖြူရောင်ကျားစေ့အား ကျော်ကာ လွတ်နေသည့်နေရာ၌ ချလိုက်သည်။အရှင်ဂျွန်ဆီမှ ခပ်ယဲ့ယဲ့အပြုံးနဲ့အတူ မင်းသားကင်မ်ရဲ့ကျားစေ့ဖြူဖြူဟာ အရှင်ဂျွန်၏ကျားစေ့အနက်ထည့်ရာ ဘူးလေးထဲမှ ဘေးဘက်ရှိ အကန့်ထဲရောက်ရှိသွားရသည်။

The Love Sleeping Under The Moonlight Where stories live. Discover now