Part 23

1.2K 96 53
                                    

[Unicode]Part 23

________________

သေးသွယ်သည့် အယ်ဒင်းရဲ့လက်တစ်ဖက်ဆွဲကိုင်လိုက်သော ကြင်ယာတော်ကင်မ်။ ထို့နောက် သူ့အရှေ့ရှိလီထိုက်အား စေ့စေ့စပ်စပ်ပြန်ကြည့်သည်။လီထိုက်ရဲ့မျက်ဝန်းထဲမှ သူလိုချင်သည့်အရာကိုရှာတွေ့သွားတော့ လီထိုက်ရဲ့လက်ထဲသို့ အယ်ဒင်းရဲ့လက်အား ယုံကြည်စွာထည့်လိုက်၏။

"အယ်ဒင်းက ကိုယ်တော့်အတွက်တော့ ညီမလေးတစ်ယောက်လိုချစ်ခင်ရတဲ့ကလေးမလေးပါ...ကိုယ်ရံတော်လီလက်ထဲ အခုလိုထည့်ပေးလိုက်တာ ကိုယ်ရံတော်လီကိုယုံကြည်လို့နော်....ကိုယ်တော့်ရဲ့ယုံကြည်မှုကိုစိတ်ပျက်အောင်မလုပ်ဘဲ အယ်ဒင်းကို ည ၁၀နာရီမတိုင်ခင် အိမ်တော်ဆီဘေးရန်ကင်းကင်းပြန်လာပို့ပေးရင်ကောင်းမယ်"

ကြင်ယာတော်ကင်မ်ရဲ့စကားအဆုံးမှာ ကိုယ်ရံတော်လီနဲ့အယ်ဒင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ယခုပဲ ည၇နာရီကျော်ပြီမို့ ၁၀နာရီဆိုသည့်အချိန်ဟာခနလေးအတွင်းမှာကုန်ဆုံးသွားလိမ့်မှာမလား။ ဒါပေမယ့် ဒီညမှာ သူတို့နှစ်ယောက်ကိုအတူရှိခွင့်ပေးတာနဲ့ပဲကြင်ယာတော်ကင်မ်ရဲ့ ကျေးဇူးက တော်တော်ကြီးနေပြီ။

"မယ်မယ်စိတ်ချပါ...ကျွန်တော်မျိုးအယ်ဒင်းကိုသေချာစောင့်ရှောက်ပါ့မယ်"

အယ်ဒင်း၏မျက်နှာအား စိမ့်စိမ့်ကြည့်ပြီးပြောသည့်ကိုယ်ရံတော်လီ။ထိုမျက်ဝန်းတို့၌ အယ်ဒင်းအပေါ်ထားသည့်ချစ်ခြင်းမေတ္တာတို့ကနူးညံ့စွာပျော်ဝင်နေသည်ကို ထယ်ယောင်းခံစားမိသည်။ ထယ်ယောင်းလက်နှစ်ဖက်ကိုအချင်းချင်းဆုပ်ကိုင်ထားမိရင်း လီထိုက်နဲ့အယ်ဒင်းကိုသာကြည့်နေမိသည်အထိ။

အရှင်ပေါ်လာပြီးခနအကြာမှာလီထိုက်ကလဲသူတို့အိမ်တော်ရှေ့ရောက်လာခဲ့သည်။ နန်းမြို့ထဲမှာလုပ်မယ့်မီးထွန်းပွဲတော်ကို အယ်ဒင်းနဲ့ အတူတူဆင်နွဲလို၍ရောက်လာမှန်းသိရတော့ သူ့အနေနဲ့အယ်ဒင်းကိုမငြင်းသာပဲ ထည့်ပေးရတော့သည်။

ကိုယ်ရံတော်လီရဲ့အကျင့်စာဂကိုယုံကြည်ပေမယ့် ယောက်ျားနဲ့မိန်းမဆိုတာ ဆိတ်ကွယ်ရာမှာ နှစ်ယောက်တည်းအတူရှိနေရင် မဖြစ်သင့်တာတွေလဲဖြစ်သွားနိုင်တယ်မလား။ထို့ကြောင့် အယ်ဒင်းရဲ့အုပ်ထိန်းသူလိုဖြစ်နေတဲ့သူ့ဘက်ကနေ အချိန်သတ်မှတ်ကာ  မှာသင့်သည်ကိုမှာနေရခြင်းသာ။ အရွယ်ရောက်ပြီးသားတွေမို့ ကလေးတွေကိုမှာသလို တစ်တွတ်တွတ်ပြောနေလဲ သူကပဲအလိုက်မသိဖြစ်တော့မယ်။

The Love Sleeping Under The Moonlight Kde žijí příběhy. Začni objevovat