Part 10

1.3K 92 27
                                    

[Unicode]______________

ရွှေချည်ထိုးသောပိုးစဖြူဖြူကသူ့မျက်စိရှေ့တလက်လက်။အနက်ရောင်ဆံနွယ်အရှည်တို့အားအပေါ်သို့စုသိမ်းထားကာ ကျောက်ဆံထိုးအဖြူထိုးစိုက်၍တန်ဆာဆင်ထားသည်။ နဖူး၌စည်းထားသည့် ဝေနိုင်ငံရဲ့အမှတ်အသား 'ကဒေါင်းဖြူ'ပါသောနဖူးစည်းက သူ့ကိုယ်မှ ရွှေချည်ဖြင့်ရောခတ်ထားသည့် ပိုးဝတ်ရုံအဖြူဖြင့်လိုက်ဖက်တင့်တယ်၏။

နှာတံမြင့်မြင့် မျက်နှာသွယ်သွယ်ဖြင့် ဘယ်ဘက်ပါးဆီမှမှဲ့နက်တစ်လုံးထပ်မံပေါင်းစပ်ကာ သူ့ရုပ်ရည်ကို ပြည့်စုံစေသည်။ သို့သော်ချောမောသည့်ရုပ်ရည်ဖြင့်မလိုက်ဖက်သည့်မျက်လုံးစိမ်းများကအရှေ့မှ ကောင်လေးအားပစ်မှတ်ထား၍ကြည့်သည်။

တဟူးဟူးတိုက်နေသည့်ပင်လယ်လေတို့ကြောင့် အရှေ့မှကောင်လေးရဲ့ဆံပင်များဟာဖရိုဖရဲ။ ပိုးနည်းသည့်အဖြူရောင်ဝတ်ရုံစဟာ ပင်လယ်လေကြောင့် တလွင့်လွင့်။

အပြာရောင်အားနောက်ခံယူကာ ရပ်နေသည့်အဖြူရောင်ကောင်လေးနှစ်ယောက်။

သူတို့နောက်မှပြာလဲ့လဲ့ကောင်းကင်ပြင်ကြီးဟာ အဆုံးမဲ့သောသမုဒ္ဒရာပြင်ကျယ်နှင့်ဆက်စပ်နေသည်။

"ပင်လယ်ထဲ အခုခုန်ဆင်းပြ"

နေရောင်စူးစူးအောက်မှ လှိုင်းတငြိမ့်ငြိမ့်ဖြင့် ပင်လယ်ပြင်ဘက်လက်ညှိုးထိုးကာပြောသည့်သူ။ဆိပ်ခံတံတားပေါ်မှာရပ်ထားသည့် သူ့ခြေထောက်တို့ဟာ တွန့်ကနဲ။ သူ့ကိုနိုင်လိုမင်းထက်အမိန့်ပေးသော မင်းသားထယ်ယောင်းကို ထယ်ဟွန်း စူးရဲစွာပြန်ကြည့်မိသည်။

ထိုအကြည့်တို့ကြောင့် ထယ်ယောင်းက မကျေမချမ်းဖြစ်သွားရကာ.....

"ငါ့ကိုကြည့်နေတာလား...ကချေသည်ရဲ့သားက ငါ့ကိုကြည့်ရဲတယ်ပေါ့"

ပင်လယ်လေတွေကြောင့် ဆိပ်ခံတံတားပေါ်မှပုံရိပ်နှစ်ခုဟာ ယိုင်တိုင်တိုင်။

သူ့အကျ..ရင်ဘတ်အား လက်ချောင်းရှည်ရှည်တို့ဖြင့်စုကိုင်ရင်း သူ့အား တံတားအစွန်းသို့ဆွဲခေါ်သည်။ပျဉ်ခင်းကြားမှမြင်ရသည့် ဘောင်ဘင်ခတ်နေသောအောက်မှ ပင်လယ်ရေပြင်။

The Love Sleeping Under The Moonlight Where stories live. Discover now