Part 21

1.1K 93 32
                                    

[Unicode]Part 21

___________________

တံခါးချပ်နှစ်ခုကိုတွန်းဖွင့်လိုက်သည့်လက်တစ်စုံ။အထဲသို့ဝင်လိုက်သည်နှင့် မြင်တွေ့လိုက်ရသည့်အနေအထားကြောင့် နန်းမတော်ခဗျာ ရင်ထဲကအပူလုံးမှာလည်ချောင်းဝသို့ပင် ဆို့တက်လာခဲ့သလိုခံစားလိုက်ရသည်။

နန်းဆောင်အတွင်းပစ္စည်းပစ္စယများအား သိမ်းဆည်းသူများဖြင့် ပျားပန်းတောင်းခတ်နေသည်မို့ သူရောက်လာသည်ကို အရေးအရာယူပြီး လျှောက်တင်တာမျိုးမလုပ်ဖြစ်လိုက်ကြ။

သူဝင်လာတော့ ထိုင်နေရက်မှသူ့ကိုလှည့်ကြည့်လာသည့် ကြင်ယာတော်ကင်မ်။ပုံမှန်မြင်‌တွေ့နေကျဖြစ်သော အပြာရောင်တော်ဝင်ဝတ်ရုံအစား သာမာန်ငွေရောင်ဝတ်ရုံကိုပင်လှဲလှယ်ဆင်မြန်းထားခဲ့ပြီ။ကိုယ်၌ မည်သည့်တန်ဖိုးကြီးပစ္စည်းကိုမှမဆင်ယင်ထားတော့ပေမယ့် ညာဘက်လက်ညှိုးမှာတော့ နဂါးပတ်ကျောက်စိမ်းလက်စွပ်လေးတစ်ကွင်းက တင့်တယ်စွာရှိနေဆဲ။

သူ့ကိုတွေ့တော့ ကောင်လေးကခပ်နွမ်းနွမ်းမျက်နှာကိုချက်ချင်းပြင်ကာ  ထလာပြီး ဦးညွှတ်၍နှုတ်ဆက်သည်။နှုတ်ကနေလဲ...

"မယ်တော်ကြီးကိုဂါရဝပြုပါတယ်"

ထိုနှုတ်ဆက်စကားအား ဂျောင်ယွန်းမတုံ့ပြန်နိုင်စွာ သူရောက်လာသည့်အကြောင်းကိစ္စကိုသာ ဦးစွာမာန်မဲပြောဆိုမိလိုက်၏။

"အခုကဘယ်လိုဖြစ်ရတာလဲ...မသိနားမလည်တဲ့ကလေးတွေမို့လို့လား...ဒီလိုအခြေရောက်တဲ့အထိ အရှင်မင်းကြီးကိုဘာလို့ခွင့်ပြုပေးရတာလဲ..."

ကြင်ယာတော်ကင်မ်က မျက်လွှာချထားရာမှ ချက်ချင်းဆိုသလိုမျက်လွှာအမြန်ပင့်ကာသူ့ကိုကြည့်လာသည်။လေသံကို ပုံမှန်ထက်ထပ်မာလိုက်ကာ...

"အရှင်မင်းကြီးဆီကနေ ကွာရှင်းခံရတယ်တဲ့...မကြားကောင်းလိုက်တဲ့စကား...မင်းရဲ့အနေအထားနဲ့ ဒီအခြေအနေနဲ့ကလိုက်ဖက်မှုရှိတယ်ထင်လို့လား...သူများဆီကပျက်ရယ်ပြုခံရမှာကိုမစိုးရိမ်ဘူးလားကြင်ယာတော်ကင်မ်...ဗိုက်ထဲမှာရှိနေတဲ့အရှင်နဲ့မင်းရဲ့နန်းသွေးကိုရော မငဲ့ညှာတော့ဘူးလား"

The Love Sleeping Under The Moonlight Where stories live. Discover now