Part 24

1.4K 113 57
                                    

[Unicode]Part 24

_________________

"အရှင်မင်းမြတ်...အရှင်မနမ်ရာရောက်ပါတယ်..."

အိပ်ခန်းဆောင်ထဲတစ်ဦးတည်းရှိနေခိုက် အပြင်ဘက်ဆီမှလျှောက်သံကြောင့် ဂျီမင်း မျက်မှောင်ကျုံ့လိုက်သည်။ဒီညမှာ အေးအေးဆေးဆေးသာနေချင်ပေမယ့် ဂွန်းနမ်ရာဆိုသည့်မိန်းကလေးက သူ့အားထိုကဲ့သို့နေစေချင်ပုံမပေါ်။

"ဝင်လာခိုင်းလိုက်"

သူခွင့်ပြုမိန့်ရအပြီး တံခါးဖွင့်ကာ ဝင်လာသည့် နမ်ရာ။ လက်ထဲ၌ဘူးခါးခြောက်တစ်ခုကိုင်လာကာ ထိုအထဲတွင် ပရိတ်ရည်တို့ရှိနေမည်ကို ဂျီမင်းတပ်အပ်သိပြန်သည်။

"အရှင်မင်းကြီးအတွက် ပရိတ်ရည်ယူသွားယူလာခဲ့တာ...မနက်ဖြန် စစ်ထွက်ရင် ဆောင်သွားဖို့အတွက်ပါ..."

ပြောဆိုရင်းပင် ပရိတ်ရည်ထည့်ထားသည့် ထိုဘူးခါးခြောက်အား သူ့ထိုင်နေရာ စာကြည့်စားပွဲပေါ်၌လာတင်သည်။လသာပေါက်၌နေရာချထားသည့်စာကြည့်စားပွဲကြောင့် ဂျီမင်းထိုင်နေသည့်နေရာက လရောင်ဟပ်လျက် လင်းနေ၏။

လသာပေါက်အထက် ချိတ်ဆွဲထားသည့် ကျောက်ဆည်းလည်းလေးတွေကို လက်ဖြင့် ထိတို့သည့်နမ်ရာ။
တစ်ခုနှင့်တစ်ခု ပွတ်တိုက်ထိတွေ့တော့ အသံလွင်လွင်တို့ထွက်ပေါ်လာသည်။ ဖတ်နေခြင်းမဟုတ်သော်လည်း ဖွင့်ထားဖြစ်သည့်စာအုပ်အားပိတ်လိုက်ကာ...

"ကျောက်ဆည်းလည်းတွေကိုမထိနဲ့နမ်ရာ..."

ခပ်မာမာထွက်သွားသည့်လေသံကြောင့် နမ်ရာလက်တို့ကတန့်သွားသည်။သူ့အားခပ်စောင်းစောင်းတစ်ချက်ကြည့်လာကာ သူ့အရှေ့၌ဝင်ထိုင်၏။အပေါ်ဘက်မှ အသံတို့ထွက်ပေါ်နေဆဲကျောက်ဆည်းလည်းတို့ကို ပြန်မော့ကြည့်ကာ..

"သူပြန်မလာတော့ဘူးဆိုတာသေချာသွားခဲ့ပြီ...ကျောက်ဆည်းလည်းတွေကိုလဲဖြုတ်ပစ်သင့်သလို အရှင်မင်းကြီးရဲ့နှလုံးသားထဲကနေလည်း သူ့ကိုထုတ်ပစ်သင့်ပြီ..."

နမ်ရာ အရှင်ဂျီမင်းဘက်ပြန်လှည့်ကြည့်သည်။တည်ငြိမ်နေသည့်မျက်ဝန်းတို့ဖြင့် စားပွဲပေါ်မှ အငွေ့တို့ရစ်ဝဲနေဆဲ 'ကြာနီရေနွေးကြမ်း' အားကြည့်နေ၏။

The Love Sleeping Under The Moonlight Where stories live. Discover now