Part 7

1.1K 92 46
                                    

[Unicode]"တော်ဝင်တံဆိပ်တုံးအတွက်ဆေးနီလုပ်တဲ့အခါ အရာအားလုံးသတိထားရတယ်...အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကြာမျှင်ချည်ယူတာကအစ၊ချည် ချက်တာကအဆုံးလက်လွတ်စပယ်မလုပ်ရဘူး...ခြောက်အောင်ထားတဲ့အခါမှာ နေပူမပြဘဲနေရိပ်မှာခြောက်အောင်ပြရတယ်...ပုလဲထည့်ရတယ်၊ ရွှေစစ်စစ်ထည့်ရတယ်၊တစ်ခြားပါဝင်ပစ္စည်းတွေလဲ သူ့အချိုးအဆနဲ့သူထည့်တတ်မှ...နောက်ဆုံးမြေအောက်မှာတစ်ရက်လောက်နှပ်ထားတဲ့ဟသ်ာပြဒါးနဲ့ နုအောင်စဉ်းထားတဲ့ကြာမျှင်ချည်နဲ့ သမအောင်ရောကျိတ်ရတယ်...ဒါကြောင့်လဲ တော်ဝင်တံဆိပ်က မီးလောင်လောင် ရေစိုစို ဆေးမပြယ်ဘဲ နှစ်ထမ်းအရှည်ကြီးခံတာ"

ဘေးနားကနေ စိတ်ရှည်လက်ရှည်ပြောဆိုရေရွတ်နေသောဘွားတော်ဘုရား၏စကားများကို သေချာနားထောင်ကာ ကြင်ယာတော်ကင်မ်က ခေါင်းတငြိမ့်ငြိမ့်။အရောင်တလဲ့လဲ့တောက်ပနေသော ကြက်သွေးညိုရောင် ရိုးရာဝတ်ရုံဖြင့်တည်ငြိမ်လွန်းသည့် ဘွားတော်ဘုရားက မြင်ရုံဖြင့်ပင် အရှိန်အစော်ကြီးမားလွန်းသည်။

စကားပြောနူးညံ့ပေမယ့် လေသံဟာခပ်ပြတ်ပြတ်။အရေးအကြောင်းထင်နေသည့်မျက်နှာတို့၌ မျက်နှာချေဘယ်တော့မှမပြတ်သလို မျက်လုံးမှိုင်းမှိုင်းတို့ဆီမှ စူးရှရှအကြည့်တွေကလဲအရွယ်နဲ့မလိုက်ဖက်စွာ တောက်ပလွန်းသည်။

နန်းတွင်းရက်ကန်းရုံသို့အလည်ခေါ်သည့်ဘွားတော်ဘုရားကြောင့်လက်နက်ရုံရောက်နေသည့် အရှင့်ကိုအသိပေးဖို့အထောက်တော်တစ်ယောက်လွှတ်ကာ စိတ်ပြေလက်ပျောက်ဖြစ်ဖို့ အထိန်းတော်လီတစ်ယောက်တည်း‌ခေါ်၍ထွက်လာခဲ့သည်။ဘယ်သွားသွား အနောက်ကနေတစ်သီတစ်တန်းကပ်ပါနေသည့် မင်းစေတွေ၊အပျိုတော်တွေကြောင့် ထယ်ယောင်းရဲ့စိတ်က အမြဲမွန်းကျပ်နေရသည်မလား။

ထင်ထားသည်ထက်ကျယ်ဝန်းလှသည့်ရက်ကန်းရုံအတွင်း၌ ဝါဖန်သူများကတစ်စု၊ ဝါကြိတ်သူများတစ်ဖွဲ့ ၊ ချည်စာငင်သူများကတစ်ဖုံဖြင့် သူ့နေရာနှင့်သူ နေရာကျလှသည်။ အထဲသို့ရောက်လေ ပိုထူးဆန်းလေဖြစ်လာသော ရက်ကန်းအတတ်ပညာများက ထယ်ယောင်းအဖို့အထူးအဆန်းတော့ဖြစ်နေ၏။

The Love Sleeping Under The Moonlight Where stories live. Discover now