Part 25

2K 124 36
                                    

[Unicode]Part 25

__________________

ချီနန်းတော်။

ပင်မနန်းခေါင်တိုင်အလည်ရှိ ရွှေရောင်ဇာမဏီငှက်ရုပ်ထံမှဖြန့်ကျက်ထားသော အရောင်စုံပိတ်စများက နည်းရင်ပြင်တစ်ခုလုံးပေါ်အရိပ်တို့ကျနေသည်။

နန်းရင်ပြင်အလည်ရှိလှေကားထစ်တစ်လျှောက် အနီရောင်ကော်ဇောကိုဖြန့်ခင်းထားပြီး ဘေးတစ်ဖက်တစ်ချက်မှာတော့ ရာထူးကြီးငယ်အလိုက်နေရာယူထားကြသော မင်းပရိတ်သတ်တို့ရှိ၏။

အဝေးဆီမှခပ်သဲ့သဲ့ကြားနေရသည့်တူရိယာသံတို့ကို အားလုံးဟာနားစိုက်ထောင်နေရင်း နန်းရင်ပြင်အပေါ်ဆုံး၌ စစ်ဝတ်တန်ဆာအပြည့်အစုံဖြင့် ရပ်နေသည့် အရှင်ဂျွန်ကိုလဲလှမ်းကာမျှော်ကြည့်ကြသေးသည်။

ဒီနေ့ဟာ စစ်ထွက်ခါနီး အရှင်မှ အရှင့်ကြင်ယာတော်တစ်ယောက်ဖြစ်သော စိန့်တိုင်းသူ မိဖုရားယွဲ့ရယ်အား နန်းစောင့်မိဖုရားအဖြစ် ရွှေကရွတ်ခွေပေးအပ်ခြင်းပြုလုပ်မည့်ပွဲ။

သို့သော် မိဖုရားယွဲ့ရယ်မှာ မိန်းကလေးတစ်ဦးဖြစ်နေပြီး တိုင်းတစ်ပါးသူဖြစ်နေရုံသာမက မင်းမြှောက်တန်ဆာအစုံအလင်မရှိသူမို့ နန်းစောင့်မိဖုရားနေရာဟာ ကြင်ယာတော်ဟောင်းအဖြစ်အရှင်နဲ့တစ်ရက်တာ ကွဲကွာခဲ့သည့် မိဖုရားခေါင်ဖြစ်သူ နာဘီမယ်မယ်က လက်ခံယူရန်ဖြစ်သွားခဲ့တော့သည်။

မင်းသားဆောင်းဟွန်း၊ မင်းသားဆူဘင်းနဲ့၊တစ်မိတည်းမွေးသည့် ယန်မင်းသားပါမက မင်းသားဆိုနူးတို့ပင်ရှိနေသည့်အခြေအနေမှာ အရှင်ဂျွန်ဟာ နန်းစောင့်မင်းသားကိုမရွေးချယ်ဘဲ သူ့ကြင်ယာတော်ကိုသာ နန်းစောင့်မိဖုရားအဖြစ်ချန်ရစ်ခဲ့သည်။သို့သော် မည်သူတစ်ဦးတစ်ယောက်ကမှ ကန့်ကွက်စကားမပြောရဲဘဲ အရှင့်ဆုံးဖြတ်ချက်ကို တလေးတစားလက်ခံကြ၏။

အကြောင်းမှာ နန်းစောင့်မိဖုရားဆိုသော်ငြား  မိန်းကလေးတစ်ယောက်ဟုတ်မနေဘဲ အရှင်နှင့်ရင်ဘောင်တန်းနိုင်သည့် ယောက်ျားလေးကြင်ယာတော်မို့ အားလုံးကအားကိုးအားထားပြုချင်ကြသည်လေ။

နီးကပ်လာသည့်တူရိယာသံတို့ကြောင့် နန်းရင်ပြင်၌နေရာယူထားကြသော သဘင်သည်တို့ကလဲ တေးသွားတို့ကိုစတင်တီးခတ်သည်။

The Love Sleeping Under The Moonlight Where stories live. Discover now