Part 29

776 77 30
                                    

[Unicode]Part 29

________________

တောင်ပိုင်းသားတွေရဲ့သတ်မှတ်ချက်အရ ဖုန်းဆိုးနယ်မြေရိုင်းဟု သမုတ်ခံရသော ဂါဆွားနယ်မြေ။

နယ်မြေရိုင်းဖြစ်သည့်အလျောက် စိုက်ပျိုးရေးမဖြစ်ထွန်းသည့်ဒေသမို့ စိမ်းစိုသောအပင်တို့အား တော်တော်တန်တန်  မတွေ့ရသော်လည်း နယ်မြေအနှံ့ ပေါပေါလူလူတွေ့ရသည့်အရာမှာ အရွက် နီကျင်ကျင် စိမ်းဖန့်ဖန့်ရှိသော ဆူးခြုံပင်မျိုးရင်းဝင် အဝါရောင်နှင်းဆီခြုံပင်များသာဖြစ်သည်။ထို့ကြောင့် ဂါဆွားဟာ နယ်မြေတစ်ခုလုံး နှင်းဆီခြုံပင်များဖြင့် လွှမ်းခြုံထားပြီး ဝါရောင်ရောင်ဖြင့် အရိုင်းဆန်ကာ အတော်အတန်တော့လှပရှာပေသည်။

လီထိုက်တစ်ယောက် စစ်ဝတ်စုံပင်မချွတ်အားနိုင်ဘဲ နောက်လိုက် သုံးလေးဦးနှင့်အတူ ရွာထဲသို့လှည့်ပတ်ကြည့်ရှုနေ၏။

မနေ့က ညမှာတင် ကိုယ်ရံတော်လီထိုက်ဦးဆောင်သော စစ်တပ်က ဒုံမန်းရှိ တပ်နှင့်ပေါင်းကာ ဂါဆွားကို သိမ်းယူခဲ့သည်။အလစ်အငိုက်မို့ ဘာတစ်ခုမှပြင်ဆင်ချိန်မရလိုက်သော ဂါဆွားက  ချီစစ်တပ်အားမတွန်းလှန်နိုင်ဘဲ သိမ်းပိုက်ခံလိုက်ရသည်လေ။

အိမ်နီးချင်းနယ်မြေဖြစ်တဲ့ ဒယ်ရှီနယ်မြေကိုယ်တိုင် ချီနှင့်စုန့်၏ စစ်ပွဲကြား ပါဝင်နေသည့်အချိန်မှာ ထိုစစ်မီးက မိမိတို့နယ်မြေအား ကူးလူးလာနိုင်သည်ကို ဂါဆွားနယ်မြေခေါင်းဆောင်တစ်ယောက် သတိပေါ့ကာ မတွက်ချက်ထားမိလေခြင်း။

ဒုံမန်းစစ်သည်များနှင့် ကိုယ်ရံတော်တပ်သားများက ရွာ၏ နေရာအနှံ့ ဝင်စီးထားပြီးဖြစ်သော်လည်း ဂါဆွားက ရုတ်ရုတ်သဲသဲမဖြစ်ဘဲ ငြိမ်သက်နေသေးသည့်အခြေအနေ။ မိမိတို့ တောင်ပိုင်းယဉ်ကျေးမှုနှင့် မတူညီသည့်  ဂါဆွားနယ်မြေ၏ ယဉ်ကျေးမှုက နယ်မြေထဲဝင်လာသော လူစိမ်းများအား အလေးထားကာ ဧည့်ဝတ်ကျေပွန်ခြင်းပင်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဂါဆွားကို ချီအင်ပါယာအောက်မသိမ်းသွင်းခြင်းဟာ ဂါဆွားအနေဖြင့် သူတို့ဓလေ့ သူတို့ယဉ်ကျေးမှုဖြင့် သီးခြားရှိနေသည့်အတွက်ကြောင့်ဖြစ်သည်။ ယခုမူကား စစ်ပွဲအခြေအနေအရ အလျဉ်းသင့်ရင် သင့်သလို ဒယ်ရှီနယ်မြေကို ဝင်စီးရမည်မို့ ဒယ်ရှီနှင့် နီးစပ်သည့် ဂါဆွားကို သူတို့မဖြစ်မနေသိမ်းပိုက်လိုက်ရသည်။

You've reached the end of published parts.

⏰ Last updated: May 25 ⏰

Add this story to your Library to get notified about new parts!

The Love Sleeping Under The Moonlight Where stories live. Discover now