Part 9

1K 100 33
                                    

[Unicode]တစ်ဆစ်ဆစ်ကိုက်ခဲကာနာကျင်နေသည့်ဒဏ်ရာများ။ ခန္ဓာကိုယ်တစ်ခုလုံး လဲအပူငွေ့များကတရိပ်ရိပ်တက်နေသည်။ ဆေးနံ့များလှိုင်လှိုင်ထနေပြီး ညာဘက်လက်အားအပ်စိုက်ထားပုံရကာ လက်နှစ်ဖက်လုံးလှုပ်၍မရချင်။

"အခြေအနေဘယ်လိုရှိလဲ"

အိပ်ဆောင်အတွင်းသို့ဝင်လာသည့်ခြေသံတရှပ်ရှပ်များကြားရပြီးရင်းနှီးနေသည့်အသံပိုင်ရှင်၏မေးခွန်းတစ်ခု။တစ်ဖက်မှပြန်ဖြေသံမကြားရဘဲ အခန်းထဲမှထွက်သွားသည့်ခြေသံများကိုထပ်ကြားရသည်။

"အိပ်ချင်ယောင်ဆောင်နေတာနဲ့ပဲ ပြဿနာအားလုံးပြီးသွားမယ်ထင်နေလို့လားကြင်ယာတော်ကင်မ်...ဘယ်အထိသွားဖို့စိတ်ကူးထားလဲ"

ထယ်ယောင်းရဲ့မျက်လုံးတို့ပွင့်လာသည်။

'အဆုံးထိသွားဖို့စိတ်ကူးထားပါတယ်အရှင်'ဆိုတဲ့စကားကိုစိတ်မှအကြိမ်ကြိမ်ပြောနေပေမယ့် နှုတ်ခမ်းထက်မှထွက်ထွက်မလာ။

အရှင့်ရဲ့အသံကိုကြားနေရခြင်းကကို သူ့အတွက်နာကျင်နေရသည်။ ထို့ကြောင့်အရှင့်မျက်နှာကိုမကြည့်မိအောင် ကြိုးစားနေရ၏။

"အဟွတ်!"

"မယ်မယ်!"

ချောင်းတစ်ချက်ဆိုးလိုက်တော့ ပါးစပ်ထဲမှထွက်ကျလာသည့်သွေးတွေ။အပျိုတော်အယ်ဒင်းနှင့် အထိန်းတော်လီက သွေးများအားသုတ်ကာသန့်ရှင်းပေးသည်။ထိုမြင်ကွင်းကို မတ်တပ်ရပ်ကာကြည့်နေသည့်အရှင်ဟာ အသက်မဲ့သောသူတစ်ယောက်ပမာ။

အဆိပ်လူးမြှားနဲ့အပစ်ခံရလို့ အဆိပ်သင့်ပြီးသေမယ့်အစား ထိုအဆိပ်က သူ့ကိုယ်ထဲမှ ကြာနီအဆိပ်ဆီသက်ရောက်မှုရှိသွားပြီး အဆိပ်သင့်သွေးများသာအန်နေတော့သည်။သွေးအားနည်းသည်ထက်နည်းလာသည့်ထယ်ယောင်းဟာ မျက်နှာသာမက တစ်ကိုယ်လုံးပါဖြူဆုတ်နေတော့၏။

"မယ်မယ်...ရေနဲ့ခံတွင်းဆေးပါဦး"

သူ့ခေါင်းအားအသာထိန်းကိုင်ပြီးရေတိုက်လာသည့်အထိန်းတော်လီ။ ရေတစ်ငုံဖြင့်ခံတွင်းဆေးပြီး အထိန်းတော်လီအသင့်ခံပေးသော ကြေးခွက်ဆီထွေးထုတ်လိုက်သည်။ သွေးရောင်ရဲသောရေများက မြင်ရသည်မှာမသတီစရာ။သို့တော် အထိန်းတော်လီနှင့် အယ်ဒင်းကတော့ မယုတ်မလွန်ဖြင့် သွေးအန်နေသောသူ့အား ပြုစုပေးနေရှာသည်။

The Love Sleeping Under The Moonlight Where stories live. Discover now