(3)

121 11 0
                                    

Unicode

(3)

ခြံဝင်းက ထူထပ်ပြီး ပန်းပွင့်တွေက ဘရိုကိတ်အထည်တွေလို ပွင့်လန်းဝေဆာနေ၏။

စိုးရိမ်နေပုံရသောမျက်နှာထားနှင့် လူငယ်လေးမှာ ၎င်းတို့ကိုကြည့်ရှုခံစားရန် စိတ်မပါဝင်စားချေ။ သူက တံခါးနှင့် စင်္ကြန်ပေါင်းများစွာမှတဆင့် လမ်းပြခေါ်ဆောင်လာခံရပြီး မိုးမခပင်တွေနှင့် မြူခိုးများပတ်လည်ဝိုင်းနေသည့် ခြံဝင်းတစ်ခုသို့ ဝင်ရောက်လာသည်။

လမ်းပြသူက ဦးညွှတ်ပြီးပြောလိုက်သည် "သခင်လေး .. ကျွန်တော်တို့သခင်က အထဲမှာစောင့်နေပါတယ်။

သူ့လေသံက ယဉ်ကျေးသော်လည်း မျက်နှာပေါ်တွင် လေးစားမှု များများစားစားမရှိလှ။ လူငယ်လေးက မျက်မှောင်အနည်းငယ်ကျုံ့သွားပြီး အရှေ့က အိမ်မကြီးကို မျှော်ကြည့်လိုက်သည်။ မည်းနက်သောသစ်သားတံခါးမှာ တင်းတင်းကျပ်ကျပ် စေ့ပိတ်ထား၏။ တံဆက်မြိတ်များပေါ်တွင် ဘေးတိုက်တလွင့်လွင့်ပျံနေသော ကျီးကန်းအမွေးများ ရှိသည်။

"... မင်းတို့သခင်က.. ဘယ်သူလဲ"

တစ်ဖက်လူက မရှင်းပြဘဲ "သခင်လေး ကြွပါ" ဟုသာ နောက်တစ်ခါထပ်ပြော၏။

တံခါးက ပွင့်သွားပြီး လူငယ်လေးက ချီတုံချတုံဖြင့် ရှေ့သို့တိုးကာ တံခါးခွင်ကို ကျော်ဝင်လိုက်သည်။ သူ့နောက်တွင် တံခါးက ရုတ်တရက် ပိတ်လို့သွား၏။

သူက မရေမရာ နောက်ပြန်လှည့်ကြည့်လိုက်ပြီး လက်ဖြင့်တွန်းလိုက်သော်လည်း အချည်းနှီးဖြစ်သဖြင့် လက်လျှော့လိုက်သည်။

ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အိမ်ထဲရှိပရိဘောဂတွေက သာမန်အတိုင်းပင်။ မျက်စိနှင့်မြင်ရသလောက် စားပွဲတစ်လုံး၊ စာအုပ်စင်တစ်စင်၊ ခုံတန်းရှည်တစ်ခု၊ ရှုခင်းပန်းချီတစ်ချပ်နှင့် အခန်းထောင့်မှာချထားသော နံ့သာအိုးတစ်အိုးသာရှိသည်။

အစိမ်းရောင်အငွေ့တွေက အိုးထဲကနံ့သာတိုင်ကနေ ကွေ့ကောက်လိမ်ပတ်စွာ ထွက်နေသည်။

"လျှိုသခင်လေး... ကျွန်တော့်ဥယျာဉ်ကို ဘယ်လိုမြင်လဲမသိဘူး"

မိုးထက်ကသခင်လေးWhere stories live. Discover now