(25)

106 13 1
                                    

Unicode

(25)

မနက်မိုးစင်စင်လင်းမှ ကျုယန့်ထင် အိပ်ရာကနိုးလာသည်။ သူက မျက်လုံးကိုဖွင့်ပြီး ခေါင်းထက်က အနီရောင်ပေါင်းမိုးကို စိုက်ကြည့်ရင်း ခဏတာလောက် မှင်တက်သွားသည်။ တစ်ယောက်ယောက်ကိုခေါ်မည့်ဆဲဆဲမှာပဲ ရှောင်းလန့်က တံခါးကိုဖွင့်ကာ အထဲဝင်လာပြီး ကုတင်ဘေးသို့ လျှောက်လာနေပြီဖြစ်သည်။

သူက လိုက်ကာကိုဆွဲဖွင့်ပြီး ကျုယန့်ထင်ကို နူးနူးညံ့ညံ့မျက်ဝန်းတွေဖြင့် ကြည့်လာသည် "နိုးပြီလား၊ ထတော့မလား"

လက်ထပ်ပွဲ၏ဒုတိယမြောက်နေ့ မနက်စောစောမှာ အသစ်စက်စက်ခင်ပွန်းကို ပထမဦးဆုံးအကြိမ် မြင်လိုက်ရသည့်အခါ ကျုယန့်ထင်မှာ မျက်နှာမထားတတ်အောင်ပင်။ သူက အကြည့်လွှဲပြီး မသက်မသာနှင့်မေးလိုက်သည် "ဘယ်အချိန်ရှိပြီလဲ"

"ကိုးနာရီထိုးတော့မယ် စောပါသေးတယ်"

"စောပါ သေးတယ်.. ဒီအချိန်ရောက်နေပြီ ဘယ်မှာစောတော့လို့လဲ..." ကျုယန့်ထင် ဗြုန်းခနဲထလိုက်သည်။ ထထိုင်လိုက်ပြီးပြီးချင်းမှာပဲ ခါးက မသက်မသာဖြစ်ပြီး အိပ်ရာပေါ်ပြန်လဲကျသွားသည်။ သူက ရှက်သွားပြီး စကားတွေတောင်ထွက်မလာနိုင်တော့ပေ။

ရှောင်းလန့်က ထိုင်ချကာ သူ့ကို တွဲလိုက်ပြီး "ဖြည်းဖြည်းလုပ် မလောနဲ့၊ ကိုယ် မင်းကိုကူဖို့တစ်ယောက်ခေါ်လိုက်မယ်"

မနေ့ညက သူတို့နှစ်ယောက် အာရုဏ်မတက်ခင်အထိ လူးလှိမ့်ခဲ့ကြပြီး နောက်ပိုင်းမှာ ရှောင်းလန့်က ရေနွေးယူလာခိုင်းပြီး ကိုယ်တိုင်ကိုယ်ကျဆေးကြောပေးသည်။ အခုသူ့ခန္ဓာကိုယ်က ကပ်စီးမနေပေမယ့် နေရာအနှံ့ ကိုက်ခဲနေပြီး မအီမသာဖြစ်နေသည်။

ကျုယန့်ထင်က သက်ပြင်းချလိုက်ကာ "တကယ်ဆိုးတာပဲ၊ အစက မနက်အစောကြီးထပြီး အမေ့ကို လက်ဖက်ရည်ဆက်သဖို့ လုပ်ထားတာ၊ ကျွန်တော်က ဒီအချိန်ထိ အိပ်လိုက်တယ်၊ ဘာလို့မနှိုးတာလဲ၊ အမေက ကျွန်တော့်ကို.. မာနကြီးတယ်၊ သူ့ကိုမျက်စိထဲမထည့်ဘူးလို့ ထင်မသွားလောက်ဘူးမလား"

ရှောင်းလန့်က သူ့လက်ကိုကိုင်ပြီး ဖျောင်းဖျသည် "ယန့်ထင်.. စိတ်ကိုတအားတင်းမထားပါနဲ့၊ ဒီလိုအသေးအမွှားလေးတွေကို စိတ်ထဲသိပ်မထည့်နဲ့၊ အမေကလည်း ဗွေယူမှာမဟုတ်ပါဘူး၊ သူက မနက်စောစောလူလွှတ်ပြီး ပြောလိုက်ပြီးသား.. ကိုယ်တို့တွေ နည်းနည်းလေးနောက်ကျမှ သွားလို့ရတယ်၊ အခုက စောပါသေးတယ်"

You've reached the end of published parts.

⏰ Last updated: Apr 17 ⏰

Add this story to your Library to get notified about new parts!

မိုးထက်ကသခင်လေးWhere stories live. Discover now