(12)

74 15 0
                                    

Unicode

(12)

ငါးရက်ကြာပြီးနောက်တွင် ရှောင်းလန့်သည် မင်းသားဟွိုင်အိမ်တော်သို့ တဖန်ရောက်ရှိလာပြီး ကျုယန့်ထင်ကို နယ်စားအိမ်တော်သို့ ကိုယ်တိုင်လာရောက်ခေါ်ဆောင်သွားခဲ့သည်။

ဤသည်က နယ်စားအိမ်တော်သို့ ကျုယန့်ထင် ပထမဦးဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်၏။ သူက လက်ဆောင်ပစ္စည်းတစ်ခုကိုပါ ပြင်ဆင်ထားခဲ့သော်လည်း ကံမကောင်းစွာဖြင့် နယ်စားကတော်ကြီးက တွေ့ဆုံပွဲသို့ အပြင်ထွက်သွားခဲ့ပြီး အိမ်တွင်မရှိခဲ့ချေ။

ရှောင်းလန့်က သူ့ကို အိမ်တော်အနှံ့ဦးဆောင်ခေါ်သွားပြီး နှစ်ယောက်သားက အနောက်ဖက်ဥယျာဉ်ထဲကရေကန်ဆီ လျှောက်လာကြသည်။

ရေကန်မှာ ဆောင်းဦးအငွေ့အသက်များနှင့် အပြည့်ဖြစ်နေ၏။ မနေ့ညက မိုးအသည်းအထန်ရွာသွန်းပြီးနောက် သစ်ပင်များက ပိုစိမ်းလန်းနေသည်။ လေနှင့်မြူများက အနည်းငယ်အေးစိမ့်နေပြီး ရေပြင်က တောင်တန်းများ၏အရိပ်နှင့်အတူ တောက်ပနေခဲ့ကာ ခပ်လှမ်းလှမ်းတွင် အဆုံးမရှိသော အဆောက်အဦးများကိုလည်းမြင်ရသည်။

နှစ်ယောက်သားက ရေကန်ဘေးက အမြင့်နေရာကိုတက်ပြီးကြည့်ရှုကြသည်။ ကျုယန့်ထင်က သက်ပြင်းတိုးတိုးချလိုက်သည် "ဒီနေရာ မင်းသားဟွိုင်အိမ်တော်က ရှုခင်းတွေနဲ့ တော်တော်တူတာပဲ"

ရှောင်းလန့်ကပြော၏ "မင်းသဘောကျရင်ကောင်းတယ်"

ကျုယန့်ထင်ကပြုံးပြီး သူ့ကိုတစ်ချက်ကြည့်လိုက်သည် "ဘာဖြစ်လို့ ကျွန်တော်သဘောကျဖို့ လိုတာလဲ"

တောက်ပသောအပြုံးထဲတွင် ကျီစယ်ချင်သည့်အရိပ်အမြွက်အနည်းငယ်ရှိ၏။ ရှောင်းလန့်က အဝေးကိုကြည့်လိုက်သည်။ သူ့ပါးက အနည်းငယ်နီမြန်းသွားသည် "မင်းကြိုက်မယ်မှန်း ကိုယ်သိပါတယ်"

ကျုယန့်ထင်က တဟိဟိရယ်ကာဖြင့် "အင်း"

သူတို့တွေ ရေကန်ဘေးမှာ ခဏလောက်ရပ်နေခဲ့ကြသည်။ လေတိုက်ခတ်လာပြီး ကျုယန့်ထင်က အင်္ကျီပါးပါးလေးဝတ်ထားတာကိုမြင်တဲ့အခါ ရှောင်းလန့်က ဘာမှသိပ်မတွေးနေဘဲ သူ့ဝတ်ရုံကိုချွတ်ကာ ခြုံပေးလိုက်သည်။

မိုးထက်ကသခင်လေးWhere stories live. Discover now