(13)

93 16 1
                                    

Unicode

(13)

ဆောင်းဦးလေက တရှဲရှဲတိုက်ခတ်နေပြီး ခြံဝင်းထဲရှိ အဝါရောင်သစ်ရွက်ခြောက်များကို ယှက်တိုက်သယ်ဆောင်သွားကာ နေဝင်ရီတရော၌ ခြောက်သွေ့အထီးကျန်သည့်မြင်ကွင်းကို ပုံဖော်ထား၏။

ရှောင်းလန့်၏ကျောပြင်မှာ ဖြောင့်တန်းနေခဲ့ပြီး အမူအရာကမြဲမြံစွာ သူက နောက်တစ်ကြိမ်ထပ်ပြောလာသည် "ကျွန်တော် ကျုယန့်ထင်ကိုပဲ ယူမှာပါ"

ဝေ့သခင်မကြီးမျက်နှာက သုန်မှုန်သွား၏။ သူက ဒေါသကို အတတ်နိုင်ဆုံးထိန်းလိုက်ပြီး အံကြိတ်သံဖြင့် "သူက ကျုမိသားစုကလူ၊ မင်းက သူ့ကို ဘယ်လိုယူမှာလဲ"

"သူက မင်းသားဟွိုင်အိမ်တော်ကလူ၊ နောင်တစ်ချိန် ကျွင့်ဝမ်ဖြစ်လာမှာကို ကျွန်တော်အားလုံးသိပါတယ်၊ ကျွန်တော် ကိုယ့်ကိုကိုယ်ဘာလုပ်နေလဲ သေချာသိပါတယ်"

"မင်း ဘာမှမသိဘူးး" ဝေ့သခင်မကြီး၏မျက်နှာက ပျက်ယွင်းပြီး အကျယ်ကြီးအော်ဆူတော့သည် "မင်းအဖေ အစောကြီးကတည်းက ပြောပြီးပြီ... အရှင်မင်းကြီးက ငါတို့ရှောင်းမိသားစုကိုမယုံဘူး... အဲ့ဒါကို မင်းက မြေးတော်တွေ မင်းသားတွေနဲ့ သူငယ်ချင်းသွားလုပ်လိုက်သေးတယ်၊ မင်း.. တကယ် ဦးနှောက်ပျက်နေပြီ၊..... အဲ့ဒိတုန်းက မင်းအဖေက မင်းဒေါ်လေးကို ဧကရာဇ်ညီတော်နဲ့ လက်ဆက်ပေးပြီးပြီးချင်း နောင်တရခဲ့တယ်.. အကြောင်းက အရှင်မင်းကြီးက ငါတို့ကို ညီတော်ဘက်လိုက်လိမ့်မယ်ဆိုပြီး အမြဲသံသယတွေဝင်ပြီး မျက်စိဒေါက်ထောက်ကြည့်နေခဲ့လို့... အဲ့ဒိနှစ်တွေတုန်းက ငါတို့ရှောင်းမိသားစု ဘယ်လိုကျီးလန့်စာစားပြီးနေခဲ့ရလဲ.. အဲ့ဒါကို မင်းမသိလို့လား..၊ ဒါနဲ့တောင် မင်းက ကျုမိသားစုကလူတွေကို သွားထိရဲသေးတယ်လား... ဒါတွေမပြောနဲ့ဦး.. မင်းဒေါ်လေး မင်းမျိုးနွယ်ကိုလက်ထပ်ပြီး အဆုံးသတ်ကောင်းသွားရဲ့လား.. လက်ထပ်ပြီးနှစ်နှစ်အတွင်းမှာပဲ လူကဆုံးသွားတယ်.. မင်းက သူ့လိုအမှားမျိုး ထပ်လုပ်ချင်သေးတာလား"

ရှောင်းလန့်က ခေါင်းမာမာဖြင့် ငြင်းသည် "ယန့်ထင်က တခြားသူတွေနဲ့ မတူပါဘူး၊ ကျွန်တော်ကလည်း သူ့အပေါ်မှာစိတ်ရင်းနဲ့၊ သူကလည်း ကျွန်တော့်အပေါ်မှာ စိတ်ရင်းနဲ့ပါ၊ ပြီးတော့ မင်းသားဟွိုင်အိမ်တော်က အကျဘက်ရောက်နေပြီးတော့ မထင်ရှားတဲ့ မင်းသားအိမ်တော်တစ်ခုပါ.. သူကလည်း ဆက်ခံသူမဟုတ်ပါဘူး၊ နောက်ပိုင်း ကျွင့်ဝမ်ဖြစ်လာလို့ သူ့ကိုယ်ပိုင်အိမ်တော်ရလာရင် မင်းသားဟွိုင်အိမ်တော်နဲ့ ပိုလို့တောင်အဆက်အစပ်မရှိတော့ပါဘူး၊ အရှင်မင်းကြီးက စိုးရိမ်တယ်ဆိုဦးတော့ သာမန်ကျွင့်ဝမ်တစ်ပါးကို မျက်စိထဲထည့်မှာ မဟုတ်ပါဘူး"

မိုးထက်ကသခင်လေးحيث تعيش القصص. اكتشف الآن