(23)

227 15 0
                                    

(23)

ရွှမ်းသယ်ခန်းမ၊ ညီလာခံ...

တစ်လကြာသည့်အချိန်တွင် ဧကရာဇ်မင်းသည် နန်းတွင်းညီလာခံ၌ ရှားရှားပါးပါး ပေါ်ထွက်လာခဲ့သည်။ သို့သော် သူက လျော့တိလျော့ရဲဖြင့် ပလ္လင်ကိုမှီကာ အိပ်ရာမနိုးနိုင်ဖြစ်နေပုံရသည်။

စစ်မက်ရုံးတော်က မြောက်ပိုင်းနယ်ခြားစောင့်တပ်အတွက် ရိက္ခာနှင့်လစာငွေများ ထပ်မံတောင်းဆိုနေခဲ့၏။

"ဆောင်းရာသီရောက်လာပါပြီ.. ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က ပေးဖို့ကျန်နေတဲ့လစာငွေတွေကို မပေးရသေးပါဘူး.. မြောက်ပိုင်းနယ်ခြားစောင့်တပ်ရဲ့ အစီရင်ခံစာတွေ အများကြီးတင်ပြခဲ့ပြီးပါပြီ၊ ဒီအတိုင်းဆက်သွားမယ်ဆိုရင် စစ်သည်တွေရဲ့စိတ်ဓါတ်တွေ ပျက်ပြားသွားနိုင်ပြီး ပြဿနာတွေဖြစ်လာနိုင်ပါတယ်.. အရှင်မင်းကြီး ကျေးဇူးပြု၍ သုံးသပ်ပေးပါ"

ခန်းမထဲ၌ ဘာသံမှမကြားရချေ။ စစ်မက်ရုံးတော်၏ဝန်ကြီးက ခေါင်းငုံ့ကာ ထိုနေရာမှာ ရပ်မြဲရပ်နေပြီး ဧကရာဇ်၏ညွှန်ကြားချက်ကို စောင့်စားနေသည်။ ဧကရာဇ်က သန်းဝေလိုက်ပြီး ဘဏ္ဍာရေးရုံးတော်ကမှူးမတ်တွေကို ပျင်းပျင်းရိရိခေါ်လိုက်သည် "မင်းတို့လာပြောကြ.. ဘာတွေဖြစ်နေတာလဲ"

ဘဏ္ဍာရေးရုံးတော်ဝန်ကြီးအိုကြီးက တုန်တုန်ယင်ယင်ဖြင့် ဖြေကြားလိုက်သည်။

"ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ အရှင်မင်းကြီးက ချင်နဲ့ ကျင့်စီရင်စုတွေက နှစ်ဝက်စာအခွန်ငွေကို မြောက်ပိုင်းနယ်ခြားစောင့်တပ်အတွက် လစာငွေအဖြစ်အသုံးပြုဖို့ အမိန့်စာထုတ်ပြန်ခဲ့ပါတယ်၊ ဒါပေမယ့်...."

သူ့စကားမဆုံးသေးခင်မှာပဲ စစ်မက်ရုံးတော်ဝန်ကြီးဆီကနေ ဝင်နှောင့်ယှက်ခံလိုက်ရသည်။

"ဝန်မင်းရဲ့စကားတွေက မှားနေတယ်.. အရှင်မင်းကြီးရဲ့ရည်ရွယ်ချက်က စီရင်စုနှစ်ခုက အခွန်ငွေနဲ့ရိက္ခာတွေကိုကောက်ပြီး ပေရိစစ်ပွဲအတွက် စစ်တပ်ရိက္ခာကို ဖြည့်တင်းပေးဖို့ပဲ၊ လစာငွေအတွက် မဟုတ်ဘူး.. အဆုံးမှာ မြောက်ပိုင်းနယ်ခြားစောင့်တပ်ကို ရောက်လာတဲ့ ရိက္ခာက (၃၀)ရာခိုင်နှုန်းအောက် နည်းနေသေးတယ်"

မိုးထက်ကသခင်လေးOpowieści tętniące życiem. Odkryj je teraz