(18)

90 13 1
                                    

Unicode

(18)

မနက်စောစောတွင် ကျုယန့်ထင်နိုးလာခဲ့သည်။ မျက်နှာသစ်ပြီး အဝတ်လဲဖို့ သူ့ကို တစ်ယောက်ယောက်က စောင့်နေသည်။ မင်းသမီးဟွိုင်ဘေးကအစေခံက သူ့ကို စာအုပ်တစ်အုပ်ပေးလာပြီး ဤစာရင်းက မင်းသမီးဟွိုင် သူ့အတွက် ပြင်ဆင်ပေးထားသည့် ခန်းဝင်ပစ္စည်းများဖြစ်သည်၊ တစ်ချက်ကြည့်လိုက်ပြီး လိုအပ်သည်များရှိလျှင် ကိုယ်တိုင်ထပ်ဖြည့်နိုင်ပါသည်ဟု ပြောလာခဲ့သည်။

ကျုယန့်ထင်က ယူလိုက်ပြီး ညင်သာစွာပြုံးလိုက်ပြီးမှ "မရီးကို သွားပြန်ပြောလိုက်ပါ၊ မရီးက တွေးပေးတတ်တယ်၊ ဒါတွေနဲ့တင်လုံလောက်ပြီ၊ ဒုက္ခများစရာမလိုပါဘူးလို့"

အစေခံထွက်သွားပြီးနောက် ကျုယန့်ထင်က စာအုပ်ကိုဖွင့်ပြီး သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်သည်။ မရီးဖြစ်သူမှာ အလွန်တရာရက်ရောပြီး သူ့အတွက် အကောင်းဆုံးတွေကိုရွေးထုတ်ပေးထားသည်။ ၎င်းတို့အထဲတွင် ယွမ်ကျိဘုရားကျောင်းတောင်ခြေက ဧကရာဇ်ချီးမြှင့်ခဲ့သည့် ခြံဝင်းပါပါဝင်၏။ သူ့အစ်ကိုတော်၏သဘောထားပင် ဖြစ်ချေလိမ့်မည်။

ထိမ်းမြားခြင်းအမိန့်ပြန်တမ်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ချန်နယ်စားအိမ်တော်မှ လက်ဖွဲ့ပစ္စည်းများ ပေးပို့လာခဲ့၏။ မင်္ဂလာရက်ကို ယခုနှစ်အကုန်တွင် သတ်မှတ်ထားကြသည်။

ကျုယန့်ထင်က စာအုပ်ကိုချလိုက်ပြီး စိတ်ထဲ အနည်းငယ် တွေးဝေငေးမောမိသွားသည်။ ဤသည်က သူလိုချင်သည့်အရာဖြစ်သည်။ သူ့အစ်ကိုတော်အတွက်ဖြစ်ဖြစ် သူ့အတ္တအတွက်ဖြစ်ဖြစ် သူလိုချင်သည့်အရာဖြစ်သည်။ သူပျော်နေသင့်သည်။ မျှော်လင့်ချက်အပြည့်ဖြစ်နေသင့်သည်။ သို့ပေမယ့် ဘာကြောင့်မှန်းမသိ သူ့နှလုံးသားက လေးပင်နေခဲ့သည်။ ဘေးနားကလူတွေကို ရင်ဖွင့်လို့လည်း မရခဲ့။

ခဏကြာတော့ အားချင်း ဝင်လာကာ သူ့ကိုကို စာအိတ်တစ်အိတ် ပေးလိုက်ပြီး ခပ်တိုးတိုးတင်ပြသည် "သခင်လေး ဒါက အနောက်မြောက်ဘက်ကလာတဲ့စာပါ"

ကျုယန့်ထင်၏မျက်လုံးတွေ မှေးမှိန်သွား၏။ သူက တခြားသူတွေကို ထွက်သွားခိုင်းလိုက်ပြီး စာကိုယူလိုက်သည်။

မိုးထက်ကသခင်လေးWhere stories live. Discover now