(21)

91 15 0
                                    

(21)

တောင်ပိုင်းမြို့ပြင်ရှိ ခြံဝင်းသို့ရောက်ကြသောအခါ ညနေစောင်းပြီဖြစ်ပြီး ဆောင်းဦးမိုးက ဖွဲဖွဲကျနေသည်။

နှစ်ယောက်သားက ထီးတစ်လက်ကိုအတူဆောင်းရင်း ပုခုံးချင်းယှဉ်လျက် အတူဝင်လာခဲ့ကြသည်။ ကျုယန့်ထင်က ရှောင်းလန့်ကို ခြံဝင်းတစ်ပတ် လှည့်ပတ်လိုက်ပြပြီး ပါးစပ်ရာဇဝင်တွေကို ပြောပြနေခဲ့သည်။

"အဲ့ဒိတုန်းကဆို ကျင်ရွေ့ဧကရာဇ်နဲ့ဧကရီက ဒီခြံဝင်းကိုအကြိုက်ဆုံးဖြစ်ခဲ့တာ.. ဧကရာဇ်နန်းစွန့်ပြီးတဲ့နောက်မှာ သူနဲ့ဧကရီက ဒီနေရာမှာ အကြာကြီးနေသွားကြတယ်လို့ ပြောကြတယ်.. အနောက်ဘက်ရေကန်မှာရှိတဲ့ကြာပန်းတွေကဆို အဲ့ဒိတုန်းက ကျင်ရွေ့ဧကရာဇ်စိုက်ထားတာ.. ဒါပေမယ့် အစ်ကိုလာတာ အချိန်မကိုက်ဘူး.. ဒီရာသီမှာပန်းတွေအကုန်လုံးညှိုးကုန်ပြီ"

ကျုယန့်ထင်က လေသံလေးနှင့် တီးတိုးပြောလေသည်။ ဖြောင့်တန်းနေသည့် သူ့မျက်ခုံးတန်းတွေထက်မှာတော့ အပြုံးတွေအပြည့်ဖြစ်သည်။

ရှောင်းလန့်က မျက်တောင်မခတ်ဘဲ သူ့ကိုကြည့်နေခဲ့ကာ မျက်ဝန်းထောင့်စွန်းတွေကို ပွတ်သပ်ပေးဖို့ လက်ကိုမြှောက်လိုက်သည်။ သည်အခါ ကျုယန့်ထင်က ခေါင်းတဖက်စောင်းလိုက်ရင်း ရှောင်းလန့်လက်ဖဝါးပြင်ကို သူ့ပါးပြင်ထက် သက်ဆင်းစေလိုက်သည်။

မျက်ဝန်းလေးခုဆုံတွေ့သွားကြချေ၏။ သူတို့၏မျက်ဝန်းတွေထဲ ချစ်မေတ္တာတွေ ရေစီးကမ်းပြိုနှင့်ပါပင်။

နားသယ်စပ်ကဆံပင်စတွေမှာ မိုးရေတွေ ကပ်ညိနေ၏။ ရှောင်းလန့်က သူ့ရှေ့ကလူကို ရင်ခွင်ထဲဆွဲဖက်လိုက်ပြီး ကြမ်းရှရှ တိုးတိုးလေးပြောလိုက်သည် "ကိုယ်တို့ အိမ်ထဲသွားရအောင်"

ကျုယန့်ထင်က နူးညံ့စွာ ပြုံးပြလိုက်ပြီး "အင်း"

အိမ်ထဲသို့ပြန်ရောက်ပြီးနောက် ကျုယန့်ထင်က အစေခံတွေကို ညစာပြင်ခိုင်းလိုက်သည်။ ရှောင်းလန့်က ပြတင်းပေါက်ရှေ့မှာ မတ်တပ်ရပ်ရင်း မျက်စိရှေ့က ရေကန်ရှုခင်းကို ကြည့်နေသည်။ မိုးမခပင်က ကျိုးတိုးကျဲတဲနှင့် ခေါင်ရမ်းပန်းတွေက ပြန့်ကျဲနေသည်။ ရေကန်စပ်မှာ ပွတ်သပ်ကျီစားနေတဲ့ မိုးဖွဲဖွဲလေးတွေကိုသာ မြင်ရသည်။ နားထဲကြားနေသည်က မိုးသံတွေသာပင်။ သူတို့ရောက်လာသည်က တကယ့်ကို အချိန်ကောင်းမဟုတ်ပေ။

မိုးထက်ကသခင်လေးDonde viven las historias. Descúbrelo ahora