(22)

100 12 0
                                    

(22)

ညဉ့်တစ်ဝက်တွင် အေးစက်စက်မိုးတွေက နောက်တစ်ကြိမ်ရွာလာခဲ့ပြန်သည်။

ကောင်းကင်လင်းအားကြီးချိန်၌ အားချင်းက လူတွေခေါ်လာပြီး ကျုယန့်ထင်အိပ်ရာအထကို လာပြုစုလုပ်ကိုင်ပေးနေသည်။ သူ့မျက်နှာကို သဘက်အပူတစ်ထည်နဲ့ အုပ်ထားပြီး အတော်ကြာမှ ကျုယန့်ထင်က လေသံဖြင့်မေးလိုက်သည် "ရှောင်းလူကြီးမင်းရော"

အားချင်းက ခပ်တိုးတိုးပြန်ဖြေသည် "ရှောင်းလူကြီးမင်းက မနက်အစောကြီးကတည်းက ရေကန်ဘက်ကိုထွက်သွားပါတယ်၊ သခင်လေးနိုးရင် ပြန်လာမယ်လို့ ပြောသွားပါတယ်"

ကျုယန့်ထင်က ခေါင်းညိတ်ပြလိုက်ပြီး ထပ်မပြောတော့ပေ။

ရှောင်းလန့်ပြန်ရောက်လာချိန်တွင်မူ ကျုယန့်ထင်မှာ စင်္ကြန်လမ်းထက်မှာ မတ်တပ်ရပ်နေသည်။ သူက မြေကြီးပေါ်က သစ်ရွက်အနွမ်းအခြောက်တွေကို ငေးမောရင်း မှင်တက်နေသည်။ ဘာတွေစဉ်းစားနေလဲ မသိနိုင်ပေ။

ရှောင်းလန့်က အရှေ့ကိုလျှောက်လာသည်။

ကျုယန့်ထင်က ငေးမောနေရာမှာအသိဝင်လာပြီး သူ့ကိုကြည့်လိုက်သည်။ ကြည်လင်နေသည့် သူ့မျက်ဝန်းတွေထဲမှာတော့ အပြုံးလေးတစ်ခုရှိနေသည်။

"ဝမ်းကွဲအစ်ကို.. မနက်အစောကြီး ဘယ်ထွက်သွားတာလဲ"

"အပြင်ဘက်မှာ မိုးတိတ်သွားတာတွေ့လို့ ရေကန်ဘေး လမ်းလျှောက်ထွက်တာပါ"

ရှောင်းလန့်က သူခူးလာသည့်ပန်းတွေကို လှမ်းပေးလိုက်သည်။ ပန်းပွင့်ဖတ်တွေပေါ်မှာ နှင်းရည်စက်တွေတင်ကျန်နေပြီး နူးနူးညံ့ညံ့ဖြင့် မျက်စိပသာဒရှိလွန်းသည်။

"ဆောင်းဝင်ခါနီးပြီ... ပန်းတွေအကုန်ကြွေကျကုန်ပြီ.. ဒါကိုယ်အမှတ်မထင်တွေ့ခဲ့တာ.. ဘာပန်းလဲတော့ မသိဘူး"

ကျုယန့်ထင်က ပန်းကို ယူလိုက်သည်။ သူ့နှာခေါင်းဖျားမှာ မွှေးကြူလိုက်ကာ နူးညံ့စွာပြုံးပြလိုက်သည်။

ရှောင်းလန့်က သူ့ကို ကြည့်ကာ "ကြိုက်ရဲ့လား"

ကျုယန့်ထင်က မျက်တောင်တစ်ခတ်ပြီး "ဝမ်းကွဲအစ်ကို.. ကျွန်တော်က မိန်းမပျိုလေးမှမဟုတ်တာ.. ဘာလို့ ဒီပန်းကိုကြိုက်ရမှာလဲ"

မိုးထက်ကသခင်လေးWhere stories live. Discover now