(7)

64 12 1
                                    

Unicode

(7)

တော်ဝင်စာသင်ကျောင်း...

နေ့ခင်းဘက်၌ ရှောင်းရုန်၊ ကျုယန့်ထင်နှင့် ကျောက်ယွင်ရှုတို့သည် မြစ်ဘေးရှိ သစ်ပင်ရိပ်အောက်တွင် တရေးတမောအိပ်နေကြသည်။ ကျောက်ယွင်ရှုက သူ့အိမ်က သူ့ကို လက်ထပ်ရန်စီစဉ်ပေးလိုက်ပြီဟု ပြောနေဆဲတွင် သူ့မျက်နှာမှာ အပျော်များဖြင့် ဖုံးမရဖိမရဖြစ်နေ၏ "အမေက နေ့ကောင်းရက်သာရွေးဖို့ လူလိုက်ရှာနေတယ်၊ နောက်လလောက် ဖြစ်လိမ့်မယ်၊ မင်းတို့အကုန်လုံး မင်္ဂလာသေရည်လာသောက်ရမယ်နော်"

ရှောင်းရုန်က မျက်လုံးတွေပြူးကာ ကြည့်လိုက်သည် "မြန်လှချည်လား"

ကျောက်ယွင်ရှုက ခေါင်းငုံ့ပြီး ရှက်သွားသည် "ငါ့မိသားစုက မစောင့်နိုင်တော့ဘူး၊ ငါက (၁၇) နှစ်ရှိနေပြီ၊ ငါ့အဘွားက သူ့မြစ်ကို စောစောချီချင်နေပြီ"

ရှောင်းရုန်က သူ့ပုခုံးပေါ် အားပြင်းပြင်းနှင့် တစ်ချက်ရိုက်လိုက်ကာ "ငါ့ကောင်ကြီး.. ဘာမပြောညာမပြောနဲ့ မိန်းမယူတော့မယ်"

ကျုယန့်ထင်က ပြုံးလိုက်ပြီး "ဂုဏ်ယူပါတယ်"

တခဏလောက် ပွက်လောရိုက်ပြီးတဲ့အခါ ကျောက်ယွင်ရှုက သူတို့ကိုစပ်စုလာသည် "မင်းတို့အိမ်တွေကရော မလောကြဘူးလား"

ရှောင်းရုန်က ပါးစပ်ထဲ မြက်ပင်တစ်ပင်ကိုကိုက်ထားရင်း ဟွန့်ခနဲအသံလုပ်သည် "ဘာလောစရာလိုလဲ၊ ငါက (၁၅)နှစ်ပဲရှိသေးတယ်၊ ပြီးတော့ ဒုတိယအစ်ကိုက မင်္ဂလာမဆောင်ရသေးဘူး"

ကျုယန့်ထင်ကလည်း "ငါလည်း အလျင်မလိုဘူး"

ရှောင်းရုန်က ခေါင်းညိတ်၏ "ဟုတ်တာပေါ့.. မင်းက နောက်ပိုင်း မင်းသားဖြစ်လာမှ ထောင်ပေါင်းများစွာသော ရွေးချယ်စရာတွေထဲက မင်းသမီးတစ်ပါးကို ခေါင်းခေါက်ရွေးရမှာ"

ကျုယန့်ထင်က ရယ်သည်။ သူက ခဏလောက်ရပ်သွားပြီးမှ ရှောင်းရုန်ကိုမေးလိုက်၏ "ရှောင်းလူကြီးမင်း လက်ထပ်ပွဲက ပျက်သွားတယ်ဆိုတော့ အိမ်က သူ့ကို နောက်တစ်ယောက် မရှာပေးဘူးလား"

"မရှာပေးဘဲ ဘယ်နေမလဲ" ရှောင်းရုန်က သက်ပြင်းချသည် "မိန်းကလေး ယောင်္ကျားလေး ရှိရှိသမျှ အဒေါ်က ရွေးထုတ်လာတာပဲ၊ ဒါပေမယ့် ဒုတိယအစ်ကိုက တုတ်တုတ်မလှုပ်ဘူး၊ လက်တလော အိမ်ထောင်ပြုဖို့မစဉ်စားချင်ဘူးလို့ ပြောတယ်"

မိုးထက်ကသခင်လေးWhere stories live. Discover now