(4)

92 11 0
                                    

Unicode

(4)

ရွှမ်းသယ်ခန်းမ..

ပလ္လင်ပေါ်၌ ဧကရာဇ်မင်းသည် သူ့မျက်လုံးများကိုမှေးထားရင်း တစ်ဖက်သို့စောင်းငဲ့နေ၏။ စဉ်းစားတွေးတောနေသလိုဖြင့် မလှုပ်မယှက်ရှိနေခဲ့ကာ မှူးမတ်များ၏အသံများက သူ့နားထဲသို့ မရောက်လာပေ။

တာ့လီရုံးတော်၏အကြီးအကဲက အနောက်ဘက်မြို့တော်စီရင်စုမှ အုပ်ချုပ်ရေးမှူးလျှိုချုံနော့၏ စစ်တပ်ရိက္ခာအလွဲသုံးစားလုပ်သည့်ပြစ်မှု စစ်ဆေးချက်ရလဒ်များ တင်ပြနေသည်။ အဆိုပါအရေးမှာ ပါဝင်သူများပြားလွန်းလှသဖြင့် တာ့လီရုံးတော်က အလွယ်တကူအမှုမပိတ်ရဲဘဲ နန်းတွင်းညီလာခံတွင် တင်ပြနေရခြင်းဖြစ်၏။

ဆယ့်ငါးမိနစ်ခန့်အကြာတွင် တာ့လီရုံးတော်အကြီးအကဲက လျှောက်တင်လို့ပြီး၍ သူ့မျက်လုံးများကိုမော့ကြည့်လိုက်သည်။

သို့သော် ပလ္လင်ပေါ်ရှိဧကရာဇ်က အိပ်မောကျနေသလိုမျိုး လုံးဝတုန့်ပြန်မှုမရှိတာကို တွေ့လိုက်ရသည်။ ခန်းမဆောင်ထဲ အပ်ကျသံကြားနိုင်အောင် တိတ်ဆိတ်နေခဲ့ပြီး မည်သူကမျှ အသံမထွက်။

ခဏအကြာ လျှိုအတွင်းဝန် လျှိုချုံးယန်က ချောင်းဟန့်လိုက်ပြီး

"လျှိုချုံနော့က အပြစ်ရှိကြောင်း ဝန်ခံပြီးပြီ၊ သူက မြောက်ဘက်နယ်ခြားစောင့်တပ်ရဲ့ ရိက္ခာနဲ့အခွန်ငွေတွေကို သိမ်းထားမိတယ်လို့ ဝန်ခံတယ်၊ ရလဒ်ကတော့ စစ်ချီတက်မှုကိုနှောင့်နှေးစေတယ်၊ အခု သက်သေသာသရတွေ စုံလင်နေမှတော့ ဥပဒေအတိုင်းပဲ လုပ်ကြတာပေါ့"

တာ့လီအကြီးအကဲက နာခံလိုက်၏။

ထိုအချိန် ပလ္လင်၏ဘယ်ဘက်အောက်နားတွင် မတ်တပ်ရပ်နေသော ဧကရာဇ်ညီတော်ကျုကျိုယွမ်က ခေါင်းမော့ပြီး လျှိုချုံးယန်ကို မျက်မှောင်ကျုံ့ကြည့်လိုက်သည်။

"ပြီးခဲ့တဲ့ရက်ကပဲ အသင်ပဲ လျှိုချုံနော့က ရန်သူနဲ့ပူးပေါင်းပြီး ပုန်ကန်ဖို့ သံသယရှိတဲ့အတွက် တင်းတင်းကျပ်ကျပ်စစ်ဆေးသင့်ပါတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား၊ ဘာလို့ဒီနေ့မှ စိတ်ပြောင်းပြီး တာ့လီရုံးတော်ကို အမှုပိတ်စေချင်နေရတာလဲ"

မိုးထက်ကသခင်လေးWhere stories live. Discover now