(6)

69 12 0
                                    

Unicode

(6)

(T/N ကြွေကျလာသောပန်းများမှာ အချစ်ကိုတမ်းတနေသော်လည်း အသဲနှလုံးမရှိသည့် စမ်းချောင်းသည် လှိုင်းထနေ၏။)

နောက်တစ်နေ့ နဂါးလှေပွဲတော်ပထမရက်တွင် ဧကရာဇ်သည် ပရိတ်သတ်ဗိုလ်ပါအပေါင်းနှင့်အတူ ပေဟိုင်ရှိ ထိုက်ယဲ့ရေကန်သို့ သွားရောက်ကာ လှေပြိုင်ပွဲကိုကြည့်ရှုခဲ့သည်။

နေဝင်ချိန်တွင် ရေကန်မှာ လူများနှင့်ပြည့်နေ၏။ ညနေခင်းဆည်းဆာနှင့် မျှော်စင်အရိပ်များက ကန်ရေပြင်တွင် ရောင်ပြန်ဟပ်နေသည်။ အဝေးကတောင်တန်းများကြောင့် ရေပြင်က ညှို့မှိုင်းဝေဆိုင်းနေ၏။ ဤအခြေအနေနှင့် ဤမြင်ကွင်းမှာ ရှားပါးလွန်းသဖြင့် အမြဲပျင်းရိနေတတ်သော ဧကရာဇ်မင်းမှာ ရှားတောင့်ရှားခဲ တက်ကြွနေသည်။ သူ၏အုပ်ချုပ်မှုအောက်တွင် ခေတ်မှာ သာယာဝပြောနေကဲ့သို့ပင်။ နေရာတိုင်း ဆူညံပွက်လောရိုက်နေပြီး သူ့ကိုပျော်ရွှင်အောင်လုပ်နေ၏။ သူက အချိန်တိုင်း လက်ခုပ်တီးကာ ရယ်မောနေပြီး အဆက်မပြတ် ဆုချနေသည်။

ကျုယန့်ထင်က မုန့်ကို နှစ်ကိုက်ကိုက်၊ လက်ဖက်ရည်တစ်ဝက်သောက်လိုက်ပြီး ထိုင်ရာမှထသည်။ ကျုဟယ့်မင်က သူ့ကိုကြည့်လိုက်ကာ "မင်း ဘယ်သွားမလို့လဲ"

"ဒီနေရာမှာ ဘာစိတ်ဝင်စားစရာမှ မရှိဘူး၊ ကျွန်တော် လမ်းလျှောက်ထွက်မလို့"

"လူတွေခေါ်သွား.. အဝေးကြီးမသွားနဲ့"

ကျုယန့်ထင်က ခေါင်းညိတ်ပြပြီး လူအုပ်ထဲမှထွက်သွားကာ ရှုခင်းကြည့်စင်ပေါ်မှ ဆင်းသွားသည်။

ရေကန်စပ်မှာ လမ်းလျှောက်နေတဲ့အခါ ဆူညံသံတွေက တဖြည်းဖြည်းအဝေးမှာကျန်ခဲ့သည်။ နွေရာသီက တိတ်ဆိတ်နေပြီး လေတိုက်သံတွေသာ ရံဖန်ရံခါ နားထဲမှာကြားနေရသည်။ ကျုယန့်ထင်က ခြေလှမ်းတွေကိုရပ်ပြီး အရှေ့ကိုမျှော်ကြည့်လိုက်သည်။ သူ့အကြည့်က တစ်နေရာကိုရောက်သွားတဲ့အခါ ရပ်သွားသည်။

အားချင်းက သူ့အကြည့်နောက်ကို လိုက်ကြည့်ပြီး ဝေခွဲမရဖြစ်သွားရ၏။ ပြီးမှ ရှေ့နားက အဆောင်မြင့်မြင့်လေးထဲ ရှောင်းမိသားစုဒုတိယသခင်လေး တစ်ယောက်တည်း

မိုးထက်ကသခင်လေးWhere stories live. Discover now