အပိုင်း(၁) uni & zg

29.7K 706 26
                                    

ကျယ်ပြန့်လှသောအခန်းတွင်းရှိ နှစ်ယောက်အိပ်
ကုတင်ကြီး၏ မွေ့ယာထက်တွင် စောင်ခေါင်းမူးခြုံလျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေစဉ် အလိုက်မသိစွာ ဖုန်းခေါ် ringtone သံက ဆက်တိုက်မြည်လာသည်။ စိတ်ရှုပ်စွာ
ဖြင့် စောင်ထဲကမထွက်ဘဲ အိပ်ချင်မူးတူး ဖုန်းကိုင်လိုက်သည်။

မနေ့ညက ဝေယံတို့နဲ့ သောက်တာများသွားလို့
ခေါင်းကတော့ သိပ်မကြည်လင်လှပါ....

" မဂ်လာပါရှင်, *** ကလော hotel ကပါ။
အကိုစိုင်းခက်လျှံလားရှင့် "

တစ်ဖက်မှ ချိုသာစွာဖြင့် စကားပြောလာသော အမျိုးသမီးတစ်ဦး၏ အသံထွက်ပေါ်လာမှ
အိပ်မှုံစုံဖွားထထိုင်လိုက်ပြီးအပ်ရှရှလေသံဖြင့်

" ဟုတ်ပါတယ် ကျနော် စိုင်းခက်လျှံ ပါဗျ "

" စနေနေ့အတွက် အကို booking တင်ထားတဲ့ အခန်းလေး confirm ဖြစ်ရဲ့လားလှမ်းမေးတာပါရှင့် "

" အာ ဟုတ်ကဲ့ အမ confirm ဖြစ်ပါတယ်ဗျ အခန်းချန်ထားပေးပါနော် "

" ဟုတ်ကဲ့ပါရှင့် သာယာသောနေ့လေးဖြစ်ပါစေ "

                ***** ...... ***
ယနေ့က ကြာသပတေးနေ့ဖြစ်သည် ။ စိုင်းခက် လျှံရဲ့ အင်ဂျင်နီယာကျောင်း နောက်ဆုံးနေ့
လည်းဖြစ်သည့်အတွက် စိုင်းခက်ကျောင်းတွင်
သူငယ်ချင်းများနှင့်လျှောက်သွားရန် ချိန်း
ထားလေသည် ။ သူငယ်ချင်းတွေနှင့်သာမက သူ့၏ချစ်ရသူ ဖြစ်သည့် ဟိန်းထက်နှင့်ပါ ချိန်းထားသည်။ ဟိန်းက စိုင်းခက်နဲ့ တစ်ခန်းထဲ ဖြစ်၍ အနေလဲအေး၊ စာလဲတော်ပီး ရုပ်ရည်ကလဲ ချောမောပြေပြစ်သူ ဖြစ်သည် ။ စိုင်းခက်က ဟိန်းကို ဒုတိယနှစ်စကတည်းက စိတ်ဝင်စားခဲ့တာမို့ ကျောင်းတွေမပိတ်ခင် သူ့ခံစားချက်ကို ဖွင့်ဟခဲ့၏ ။

ထို့နောက် သူတို့နှစ်ဦး တွဲခဲ့သည်မှာ တတိယနှစ် ကျောင်းပြန်ဖွင့်သည့်နေ့ စမှ ယခုဆိုလျှင် ၁နှစ်ပင်ရှိပီ။ ဟိန်းက စိုင်းခက်ထက် ၆လသာကြီးပေမဲ့ အနေအေးတော့ အသက်ထက်ပင်လူက
တည်ငြိမ် ရင့်ကျက်သည် ။ ဒါကြောင့်လဲ တွဲလာတဲ့ ၁နှစ်အတွင်း အနေအေးတဲ့ဟိန်းနဲ့ အပျော်မက်တဲ့စိုင်းခက်တို့ ပြသာနာ ခနခန ဖြစ်ပေမဲ့
စိုင်းခက်က ဟိန်းကို စချစ်ခဲ့ရတဲ့သူမို့ အဆင်ပြေအောင် အတတ်နိုင်ဆုံးနေခဲ့သည် ။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now