အပိုင်း(၁၃) uni & zg

8.2K 305 1
                                    

Unicode

ကိုကို ယားတယ် ဘာဖြစ်နေတာလဲ မစပါနဲ့ကွာ....ခစ်ခစ်ခစ် ကိုကိုနော် စိတ်ကောက်
လိုက်တော့မှာ "

လေပြေသွေးမှာ ခန့်မှူးလွင်၏ ကျီစယ်စွာ ကလိထိုးနေမှုကြောင့် တွန့်လိမ်နေတော့သည်။

"ကိုကိုက ချစ်လို့လေ ကလေးကလဲ ကို့ကိုကိုမချစ်ဖူးလားပြော"

"ချစ်တာပေ့ါ ချစ်လွန်းလို့ရူးတော့မယ်"

"ပြွတ်"

"ဟင်းတော်ပီကွာ ကိုကိုရာ ထတော့ရေချိုးရအောင်"

စိုင်းခက် ခန်းမှုးလွင်ရဲ့အခန်းသို့တက်လာစင် လော့ကျအောင်ပိတ်မထား၍ ဧည့်ခန်းထဲကလာသော အသံများအားအတိုင်းသားကြားနေရသည်။ဝင်သွားရမလားလှည့်ပြန်ရမလား တွေးရင်းခနရပ်နေရသည်။

ဒေါက်ဒေါက်ဒေါက်

" ဟျောင့် ခန့်မှူးလွင်"

စိုင်းခက်လဲ ဝင်ခဲ့လိုက်တော့ ခန့်မှူးလွင်က ဆိုဖာပေါ်မှာ ထိုင်နေကာ လေပြေသွေးကခန့်မှူးလွင်အပေါ်တွင်ခွလျက်သား ... စိုင်းခက်ကိုလဲ မြင်ရော လေပြေသွေးက ရှက့်ကို့ရှက်ကန်းနဲ့ ခန့်မှူးလွင်ကို တွန်းဖယ်ကာ ဘေးသို့ပြောင်းထိုင်လိုက်သည်။

"လာမယ်ဆိုလဲဖုန်းလေးတော့ကြိုဆက်ပေါ့ မမြင်
သင့်တာတွေမြင်ကုန်တော့မှာပဲ"

"မင်းတို့ဘာသာ တံခါးတောင်လော့မချဘဲ ဧည့်ခင်းတောင်မရှောင် နေ့ခင်းကြောင်တောင်ကြီးမဟုတ်တာလုပ်နေပီးတော့"

"ဟ ကို့အိမ်နဲ့ကိုပဲ နေ့ခင်းမလုပ်ရဘူးလို့မင်းဘယ်သူပြောလဲ "

"ဟာ ကိုကို ဘာဖြစ်နေတာလဲတော်တော့"

လေပြေသွေးကတော့ ရှက်လွန်းလို့အငွေ့ပြန်ပီးပျောက်သွားချင်လေပီ...

"ဟို ..  အကိုစိုင်းခက်လျှံအတွက် လေပြေ တစ်ခုခုစီစဉ်ပေးမယ်နော်"

ဟုဆိုကာ နောက်ထဲပြေးဝင်သွားတော့သည်။

"ကဲ ဆိုစမ်းပါအုံး ပေါ်တော်မူကြီး ဘာရှိလို့ငါ့အခန်းထိတောင်ရောက်လာတာလဲ" 

စိုင်းခက်လဲဆိုဖာတွင်ဝင်ထိုင်လျက်

"ငါ... ငါမင်းတို့ကိုမတွေ့တာကြာလို့ပါ
ဟိုနှစ်ကောင် နဲ့လဲ ဖုန်း​ပြောရပါတယ် ဝေယံ အဖေဆီမှာပဲ ပိုင်သစ် ရော အလုပ်ဝင်နေကြတယ်တဲ့ နယ်ဘက် တွေလဲသွားရတော့မအားလို့တဲ့"

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Onde histórias criam vida. Descubra agora