အပိုင်း(၂၁) uni & zg

7.6K 266 75
                                    

Unicode

စိုင်းခက်တို့အိမ်တွင် တစ်မိသားစုလုံးကိုယ့်
အခန်းထဲကိုယ်ဝင်နေကြပြီမို့ပတ်ဝန်းကျင်မှာ
ငြိမ်သက်နေသည်။ အတန်ကြာအောင် မိုးရေထဲတွင်နေလိုက်ကြသည်မို့ စိုင်းခက်ရော ဟိန်းထက် ပါ အတော်ပင်ချမ်းနေကြသည်။ စိုင်းခက်မှ ဦးဆောင်ကာဟိန်းထက် ရဲ့လက်ကိုမြဲစွာ
ဆုပ်ကိုင်ထားလျက် အခန်းထဲသို့ဝင်လာလိုက်
သည်။ ဟိန်း၏ လက်တို့ကိုတင်းကြပ်စွာဆုပ်
ကိုင်ထားသည်မှာ ဤလက်တို့ နောက်တစ်ကြိမ် ထွက်ပြေးသွားတော့မည့်အလားပင်။

အခန်းတွင်းရောက်တော့ နှစ်ယောက်သား တုန်ရီနေသည်။မီးအလင်းအနည်းငယ်သာဖွင့်ထားသောအခန်းတွင် အဲကွန်းဖွင့်ထားသောကြောင့်
စိုင်းခက် အခန်းသည် သူတို့နှစ်ယောက် နဂိုရှိ
သည့်အချမ်းထက်ပင်ပို၍ တိုးစေသည်။သို့သော် သူတို့နှစ်ဦးတို့၏ ကြားမှ ရင်ခုန်သံသည်
ငြိမ်ဆိတ်သော ဤအခန်းကျယ်တွင် အလွန်ပင် ကျယ်လောင်နေသယောင်။ ရင်အစုံတို့
လည်း ဆက်တိုက် ဖိုလှုပ်နေကြသည်။

အသက်ရှုနှုန်းမြန်နေ၍ နှုတ်ခမ်းဖျားကိုပင် ဟကာ လေကိုခပ်ဖွဖွ ရှုနေသော ဟိန်းကမီးလင်းဖျဖျအောက် တွင် စိုင်းခက်အတွက် ရင်ဖိုစရာကောင်းလှသည်။စိုင်းခက် ဟိန်း၏ ခါးကို ဆွဲယူလိုက်ပြီး တံခါးထက်ဖိကပ်ကာ မပြီးပြတ်သေးသော အနမ်းတို့ကို ထပ်မှန်၍ စတင်သည်။

အသက်ရှူနှုန်းတို့နှင့်ထပ်တူကြလျက်ရှိသော ရင်ခုန်ဖွယ်အနမ်းတို့သည် ယခုတစ်ခေါက်တွင် တော့ နူးညံ့ခြင်းအလျဉ်းမရှိတော့။ လွမ်းဆွတ်ခြင်း၊ တမ်းတခြင်း၊ စွဲလမ်းခြင်း တို့ကိုယ်စားပြုသော အနမ်းတို့သည် မြန်ဆန်သည် စွဲမက်ဖွယ် ကောင်းသည် ပို၍တောင်းတမှုတို့ကို ဆက်လက် ဖြစ်ပေါ်စေသည်။ နှုတ်ခမ်းသားတို့ ထိဆက်လိုက်တိုင်း ပို၍ပင် ခုန်လာသော နှလုံးသားတို့ကို ဟိန်း မဖုံးဖိထားနိုင်။ စိုင်းခက်၏ အနမ်းတို့ကို သူလွမ်းဆတ် ခဲ့တာကြာခဲ့ချေပြီ။ စကားလှလှလေးတွေပြောတတ်တဲ့ စိုင်းခက် နှုတ်ခမ်းသားတို့က အနမ်းလှလှတို့လည်းပုံဖော်တတ်သေး
သည်။

ဟိန်း၏ ခါးကို လက်တစ်ဖက်က ကိုင်ထားရင်း ကျန်လက်တစ်ဖက်မှာ ဟိန်း၏ လည်တိုင်တို့ထက်ဝယ်။ ဒီလိုအနေထားက ဟိန်းကိုပိုပိုပြီးရင်ခုန်စေသည်။ စိုင်းခက်၏ စွဲမက်ဖွယ် အနမ်းတို့အောင် ထက်မံ၍ပျော်ဝင်ရပြန်သည်။သူတို့နှစ်ဦးအတန်ကြာအောင် နှုတ်ခမ်းဂဟေဆက်နေ၍ ခန္ဓာနှစ်ခုလုံး အအေးဓာတ်ကြောင့်တုန်ရီနေပြီ
ဖြစ်ကာ လှပသော အနမ်းတို့မှာ တစ်ခန်းရပ်
ရတော့သည်။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now