အပိုင်း(၂) uni & zg

15.3K 520 3
                                    

Unicode

ကျောင်းနောက်ဆုံးရက် ဖြစ်သည့်အတွက် လျှောက်လမ်း တစ်လျှောက် အတွဲများ ၊ သူငယ်ချင်း အဖွဲ့ များ ဖြင့် လူရှုပ် နေတော့သည် ။ သူတို့ သူငယ်ချင်း ၄ ယောက်လည်း ဆက်လျှောက်လာရင်း လူအုပ်တွေထဲ ဟိန်းထက် များ ပါမလား မျက်စိ တစ်ဆုံး လိုက်ရှာနေကြ စဉ် .....

ရုတ်တရက်နောက်မှ အော်ခေါ်သံ တစ်ခု

" အကို ခန့်မှူးလွင် ခဗျ "

သူတို့လည်း နောက်သို့ လှည့်ကြည့်လိုက်သောအခါ ....

အသားဖြူဖြူ နှင့် လူကောင်သေးသေး ကောင်လေး တစ်ယောက် သူတို့ထံပြေးလာပြီး
ခန့်မှူးလွင်ကို သာကြည့်နေလေသည် ။ ခန့်မှုးလွင်ကလဲ ထိုကောင်လေးကိုပြန်ကြည့်၍

" ငါ့ကိုခေါ်လိုက်တာလား သိလို့လား "

" ဟုတ်ကဲ့ဗျ ကျွန်တော့်နာမည်က လေပြေသွေးပါ second year ကပါ ခဗျ ကျနော် အကို့ကို ပြောစရာလေးရှိလို့ပါ "

" အော်အေး ပြောလေ ."

" ဟို ... လေ "

လေပြေသွေးတစ်ယောက် ခနမျှ တိတ်ဆိတ်လျှက် ခေါင်းလေးငုံပီး အားတင်းကာဆက်ပြောလိုက်သည်။

"ကျွန်တော်အကိုခန့်မှူးလွင်ကို စိတ်ဝင်စားလို့ပါ ... အဲတာစိတ်မရှိရင် အကို့Facebook accountsလေးကျွန်တော့်ကိုပေးလို့ရမလားဗျ"

ပြောပီးသည်နှင့် မဝင့်မရဲဖြင့် ခေါင်းလေးမော့ကြည့်မိလိုက်တော့ အကို့ပုံစံက အံ့ဩသင့်သွားဟန်ဖြင့် ကျွန့်တော့်ကိုစိုက်ကြည့်ကာ ...

" အာာ .. အေး ပေးလို့ရပါတယ် "

ခန့်မှူးလွင်လဲ ရုတ်တရက်ကြီးကြောင်သွားရသည်။သူ့ကိုဒဲ့ကြီးလာပြောနေသဖြင့်အနဲငယ်လဲနေရခက်သွားရသည်။သို့ပေမဲ့သူဘာလို့မှန်းမသိ မငြင်းချင်၍ ပေးမယ်ပြောလိုက်မိသည်။ သူ့ဖုန်းလေးထုတ်ပြီး acc ထဲဝင်ပြလိုက်တော့ ကောင်လေးကလဲ တန်း add လေသည်။ သူလဲလက်ခံပေးလိုက်သည်။ ပြီးတာနှင့်

လေပြေသွေးတစ်ယောက် အလှဆုံးပြုံးပြလိုက်ရင်း...

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အကို ကျွန်တော်
ညကျရင် စာပို့မယ်နော် "

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now