အပိုင်း(၂၃) uni & zg

7.5K 242 18
                                    

Unicode

စိုင်းခက်အောက်ရောက်တော့ ထမင်းစားပွဲပြင်ပီး စားရန်အသင့်ဖြစ်နေပီလေ ဟိန်းက ထမင်းခူးနေရင်း

"လာစိုင်းခက် စားလို့ရပြီ "

"အမလေးဟဲ့ ဧည့်သည်က အိမ်ရှင်ကို ထမင်းပြန်ခူးကျွေးနေရတယ် "

မေမေက ရွှတ်နောက်နောက်ဖြင့်ပြောလေသည်။

" ဟိန်းက ဧည့်သည်မှမဟုတ်ပဲနဲ့ကို နော်ဟိန်း "

ခုံတွင်ဝင်ထိုင်ရင်း မေးငေါ့ကာမေးတော့

"ဒါပေါ့ ဒါပေါ့ "

"ခုမှ အတိုင်ဖောက်လာညီနေကြတယ် ကဲစားကြတော့ ၊ မင်းတို့အဖေကတော့စောင့်မနေနဲ့တော့ ဒီချိန် မှပြန်မလာရင်သူအပြင်မှာပဲစားမှာ "

စိုင်းခက်ရောဟိန်းရော မနေ့ညက ဘာမှမစားလိုက်ရတာကြောင့်ရော မနက်အိပ်ယာထနောက်ကျတာရောကြောင့်ပါဗိုက်အတောင်ဆာနေလေပြီ။မေမေချက်ထားတဲ့ ကြက်သားအာလူးဟင်းနှင့်ငါးပိရည်အတို့အမြှပ်ဖြင့် နှစ်ယောက်သား
ခေါင်းပင်မဖော်နိုင်စားလိုက်ကြသည်။ စားပြီးသည်နှင့် နှစ်ယောက် လုံးအပေါ်သို့သာပြန်တက်ခဲ့လိုက်တော့သည် ။ မေမေကလဲ သူ့သူငယ်ချင်းနဲ့ချိန်းထားတယ်ဆိုကာ အပြင်ထွက်သွားလေ
သည်။

အခန်းထဲရောက်တာနှင့် ကုတင်ဘေးက ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ကြတယ် ။ ပီးသည်နှင့်
စိုင်းခက်ကပဲ စကားစလိုက်သည် ။...

"ကဲ ဟိန်း ခုဘယ်လိုဖြစ်ချင်လဲ မင်းဘာလုပ်ချင်လဲ ငါ့ကိုပြော"

"ငါဖြစ်ချင်တာ မင်းချစ်သူ ငါလုပ်ချင်တာ မင်း "

ဟိန်းက ပြောင်စပ်စပ်နှင့် ရုတ်တရက် ထပြောလာတော့ စိုင်းခက်ပင်ကြောင်သွားရသည် ဘယ်တုန်းကအဲလိုရွတ်နောက်နောက်ပြောခဲ့ဖူးလို့လဲ၊ တည်ငြိမ်သူကြီးက ခုမှစကားတွေလာ
တတ်နေတာလေ ။...

"ဟားဟား ဟိန်းရာ ငါကမင်းချစ်သူဖြစ်ပီးသားလေ နောက်ကတစ်ခုကတော့ မင်းလုပ်ရမှာ
မဟုတ်ပဲ ငါလုပ် ရမှာထင်တယ်နော် ဘယ်လိုလဲခုလား "

စိုင်းခက်က သူ့ကို လာကျီစယ်နေသော လူအေးကြီးကို ပြန်နောက်ချင်သဖြင့် ထိုင်နေရာမှ ကြွပြီးဟိန်းကိုအုပ် မိုးလိုက်တော့ .... ဟိန်းက သူ့ရင်
ဘက်ကို ဆိုဖာပေါ်ပြန်တွန်းလွတ်ပီး ....

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now