အပိုင်း(၁၂) uni & zg

8.5K 308 9
                                    

Unicode

Zeus Entertainment club သို့ ည ၁၀နာရီမှ လာခဲ့လိုက်သည်။ အောင်သန့်တို့ကိုတော့ အရင်သွားနှင့်ခိုင်းလိုက်ရသည်။ ထိုက်ကတော့ ညနေကတည်းက ကလေးကြီးကို ချော့မော့အပြီး hot pot မှ hot pot ဆို၍ လိုက်ကျွေးရသေးသည်။ အစားအသောက်လဲ စားလိုက်ရော ညနေက ငိုထားတာက ကြက်ပျောက်ငှက်ပျောက်ဖြစ်ရော ... ခုလဲအိပ်မပြန်ချင် club လိုက်ခဲ့ချင်တယ်ဟု ဂျီကျသဖြင့် ခေါ်လာခဲ့လိုက်တော့သည်။ သူ့အိမ်ကိုတော့ ခန့်မှူးလွင် အိမ်မှာအိပ်မှာဟု ဖုန်းဆက်ထားသည်။

"လာစိုင်းခက် ဟိုကောင်တွေက VIP ဝိုင်းမှာ "

စိုင်းခက်ကတော့ စိုင်းခက်ပါပဲ club ရောက်တာနဲ့မျက်လုံးတွေက ရွှင်လန်းနေတာပဲ။
ထိုက်တို့ ဝိုင်းရောက်တော့ မိုးထက်က စိုင်းခက်ကို
နှုတ်ဆက်လိုက်သည်။

"လာစိုင်းခက် မတွေ့တာတောင်ကြာပီ မင်းဘော်ဒါတွေရောခေါ်မလာဘူးလား"

"ဟုတ်ကဲ့ အကိုမိုးထက် မစီစဉ်ပဲ လာလိုက်ရလို့မခေါ်ဖြစ်လိုက်တာ"

ထိုက်လဲ စိုင်းခက်ကိုသူ့ဘေးတွင် ထိုင်ခိုင်းလိုက် ပီး Whisky 1ခွက်ထည့်ပေးလိုက်သည်။စိုင်းခက် လဲ ထိုက်ထည့်ပေးတဲ့ Whisky ကိုသောက်ရင်း dj သံစဉ်တွေနဲ့အတူမျောနေလိုက်သည်။

"အကို သွားကရအောင် ထိုင်မနေချင်တော့ဘူး"

"အင်းသွားမယ်လေ"

ထိုက်လဲစိုင်းခက်နဲ့အတူ dj state စင်အောက်တွင်
တီးလုံးသံအလိုက်ကနေလိုက်သည်။ လူကလဲနဲနဲသောက်ထားသဖြင့် တရိတ်ရိတ်မူးနေလေပြီ။
ခေါင်းကိုဘယ်ညာ ရမ်းပီးကနေသော ကောင်လေး ကစလိုက်မီးရောင်တွေကြားပေါ်လွင်နေသည်။အနီရောင်သန်းနေသောမျက်နှာလေးရှေ့ကိုစူထွက်နေတဲ့နှုတ်ခမ်းလေးတွေကအစထိုက်ကိုအကြိမ်ကြိမ်ပြုစားနေသလားမှတ်ရသည်။

သူ စိုင်းခက်ကို ရီဝေဝေမျက်လုံးတွေနှင့်စိုက်ကြည့်နေကာ စိုင်းခက်ကလဲ ထိုက်အားပြန်ကြည့်လေသည်။စိုင်းခက်ရဲ့ရီဝေဝေအကြည့်တွေကလဲ ထိုက်အားရူးသွပ်စေသည် ၊ နမ်းချင်သည် ဒီနှုတ်ခမ်းဖူးဖူးလေးတွေကို သူနမ်းချင်မိသည် ။နှစ်ယောက်လုံးစက္ကန့်ပိုင်းမျှအကြည့်တွေမလွဲသေး ထိုက်က စိုင်းခက်ခါးကိုဆွဲဖက်လိုက်သည်။ စိုင်းခက်မရုန်းပါ ပြန်မဖက်ပေမဲ့ရုန်းမထွက်
သေးပါ။ ခါးသေးသေးလေးကိုဖက်ထားရင်းသံစဉ်တွေအတိုင်းလွှင့်မျောနေလိုက်သည်။ခနကြာမှ ထိုက် လွတ်ပေးလိုက်သည်။ ထိုက်လွတ်ပေးလိုက်တော့ ကောင်လေးက မော့ကြည့်လာကာ ...

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now