အပိုင်း(၁၁) uni & zg

9.1K 306 4
                                    

Unicode

ထိုက် ဒီနေ့အလုပ်မသွားဖြစ်၊ အောင်သန့်တို့မနက်ထဲက အိမ်ရောက်နေပီး ဒီနေ့အလုပ်မသွားဘဲ သူတို့နဲ့စားကြသောက်ကြရန်အချိန်ပေးရမယ်ဆို၍ ထိုက်လဲမတွေ့တာကြာလို့လက်ခံလိုက်သည်။ မိုးထက်က ညကျ Zeus သွားဖို့ပါစီစဉ်ထားသေးသည်။ အခုလဲ
အောင်သန့် နဲ့ ကျော်ဇောက kitchen ဝင်ကာ နေ့လည်စာအတွက် ပြင်ဆင်နေလေသည်။ သူတို့၄ယောက်လုံးသည်တစ်ယောက်ထဲသမားများဖြစ်သည့်အတွက် ဟင်းကောင်းကောင်းချက်တတ်ကြသည်။ အခုလဲ pasta နဲ့ ပုဇွန်ချက်နေကြသည်။

ကျောဇောမှ ပြင်ဆင်ပီးသည်နှင့်ဧည့်ခန်းထဲတွင်tvကြည့်နေကြသော ထိုက်နဲ့မိုးထက်အားအော်ခေါ်လိုက်သည်။

" လာကြတော့ ရေသာခိုနှစ်ကောင်စားလို့ရပီ "

ထိုက်နဲ့မိုးထက်လဲ နောက်ထဲဝင်သွားကာ စားဖို့နေရာယူလိုက်တော့သည်။ pasta ကတော့တကယ်စားချင် စဖွယ် ပင်လယ်စာနဲ့ဆိုတော့ ထိုက်အကြိုက်ပင်။

စားနေရင်း မိုးထက်ကစကားစလာသည်....

"ထိုက် မင်းဟိုကလေးနဲ့ကဘယ်လိုလဲမရိုးသားဘူးနော်"

မိုးထက်အမေးကြောင့် ကျန် ၂ကောင်ကလဲထောက်ခံတဲ့သဘောနဲ့သူ့ကိုမော့ကြည့်လာလေသည်။ထိုက်လဲ တစ်ချက်သာကြည့်၍ အောက်ပြန်ငုံ့ကာ ဆက်စားလိုက်ရင်း အေးအေးသာပြန်ဖြေလိုက်သည်။

"ဘာကိုမရိုးသားရမှာလဲ သူ့မှာက ဒီလောက်
ချစ်တဲ့သူရှိနေတာကို "

"အေးလေး အဲတာကြောင့် ငါတို့က စိတ်ပူနေတာပေါ့၊မရိုးသားဘူးဆိုတာ ဟိုကလေးမဟုတ်ဘူး မင်းကိုပြောနေတာ ၊ သူ့ex ကိုတောင်မပြတ်နိုင်လို့ မင်းကိုတောင်ကူညီခိုင်းနေတာ မင်းသွားမျှော်လင့်နေရင် မင်းပဲခံစားရမှာနော်"

ထိုက်က အံ့ဩက ဘယ်လိုသိတာလဲဆိုတဲ့ မျက်လုံးနဲ့လိုက်ကြည့်မိတော့...

ဝေယံက " ကြည့်မနေနဲ့ ထိုက် ငါတို့ကမင်းသူငယ်
ချင်း တွေပါကွ မင်းဘယ်ခြေလှမ်းလှမ်းနေသလဲ မင်းဘယ်လိုဖြစ်နေသလဲဆိုတာ မင်းမျက်လုံးထဲကို ငါတို့မမြင်သည်ထိမတုံးသေးဘူးကွ"

"အေးပါ .. ငါကိုယ်တိုင်တောင်ခုထိမသေချာသေးပါဘူး နဂိုထဲက ငါ့အတွက်မဟုတ်မှန်းငါသိထားပီးသားပါ ၊ မင်းတို့အရမ်းစိတ်မပူနဲ့ရတယ်"

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now