အပိုင်း(၁၅) uni & zg

8.6K 276 1
                                    

Unicode

ထိုက်တို့ တည်းဖြစ်သည်က စိုင်းခက်အကြိုက်ရွေးထားသော Whispering Pines Campite တွင်ဖြစ်သည်။ Pyin Oo Lwin ၏ အနှစ်အရသာကို အမှန်ကန်ရစေသည့် ထင်းရူးတောကြီးတွင်းရှိ tent ဖြစ်သည်။ Campsite ကိုရောက်တော့ ည၁၀နာရီပင်ရှိပီ။
ထိုက်တို့ရွေးလိုက်သည်က မွေ့ယာ နှစ်ခုပါသော နှစ်ယောက်အိပ် tent ဖြစ်သည်။tent နေရာသို့သွားရန်ဝန်ထမ်းကောင်လေး နောက်လိုက်ခဲ့သည်။

ဘေးနှစ်ဖက် အုပ်စိုင်းနေသော ထင်းရူးတောအုပ် ကြီးကာရံထားလျက် လျှောက်လမ်းလေး တစ်လျှောက် တွေ့ရသည့် tent အကြီးကြီးတွေ ၁ခုနဲ့ တစ်ခု တော့အတော်လေး လှမ်းသည် ။ tent တွေ ရှေ့တွင် မီးကြိုးတွေဖြင့်လဲ အလှဆင်ထားသေးသည်။ သူငယ်ချင်းတွေ အုပ်စုဖွဲ့၍ tent ရှေ့မှာ ချထားပေးသော စားပွဲဝိုင်းတွင် စားလိုက်သောက်လိုက်ဖြင့် ပျော်နေကြသော အခြား ဧည့်သည်တွေလဲအများအပြားပင်။

ထိုက်တို့ tent သည် လျှောက်လမ်း ၏ အဆုံးတွင် ဖြစ်သည် ။ tent တွင်နေရာချထားပေးပီးသည်နှင့်
ဝန်ထမ်းကောင်လေးကပြန်သွားသည်။ မပြန်ခင် မနက်ခင်း breakfast အတွက်စားမည့်စရင်းကိုလဲတောင်းသွားသည်။ ထိုက်တို့ tent ထဲဝင်တော့
မွှေ့ယာက နှစ်ခု ၊ အလည်တွင်တော့ tent ကြီး၏
ထောက်တိုင်တစ်ခု ရှိသည် ။ စားပွဲခုံသေးသေး
တစ်ခုလဲရှိသေးကာ စားပွဲပေါ်တွင် ရေဘူး ၊ ရေနွေးအိုးနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများထားပေးထားသေးသည်။

"စိုင်းခက် ဗိုက်ဆာလား ကိုယ်တစ်ခုခုမှာပေးရမလား"

"တော်ပီ အကို ကျွန်တော်ဒီမလာခင်က စားထားပီးသား ၊ ခုနားတော့မယ် နဲနဲအိပ်ချင်လာလို့ "

သူတို့နှစ်ယောက် ဒီတညတော့ စောစောအိပ်ယာဝင်ဖြစ်ခဲ့ကြသည်။

             ******🌸🌸🌸******

မိုးလေး ဖွဲတဲဖွဲတဲ ရာသီဥတုက အေးစိမ့်နေပီး
အိပ်နေတဲ့နေရာကလဲ တောအုပ်လေးထဲက tent ထဲတွင် tent ကိုဖွင့်လိုက်တာနဲ့ အိပ်ယာခြေရင်းကနေ လှမ်းမြင်နေရသည့် မြက်ခင်းစိမ်းစိမ်း အဝေးကိုမျှော်ကြည့်လိုက်ရင် စိမ်းစိုနေသော တောင်တန်းများ တောင်တန်းများအောက်ခြေတွင် စီတန်းနေသော ထင်ရူးတောအုပ်လေး .... လုံးဝကို မြို့ပေါ်က အငွေ့အသက်တွေနဲ့ ဆန့်ကျင်ဘက် အေးချမ်းလှသော စိတ်ကူးယဉ် ကမ္ဘာငယ်လေးအတိုင်းပင်။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now