အပိုင်း(၇) uni & zg

9.9K 316 1
                                    

Unicode

ဒီနေ့ဆို စိုင်းခက် မန္တလေးပြန်ရောက်တာ၁ပတ်
အိမ်ထဲကအိမ်ပြင်မထွက်တာလဲ ၁ပတ်ပါပဲ၊ အခန်းထဲကအခန်းပြင်မထွက်ဘူးဆိုပိုမှန်လိမ့်မယ်၊ သူဘယ်မှကိုမထွက်ချင်တာပါ မန္တလေးတစ်မြို့လုံးက ဟိန်း ရဲ့အငွေ့အသက်တွေနဲ့ပြည့်နေတာမို့လား ...... ဟိုကောင်တွေနဲ့ကတော့ဖုန်းပြောဖြစ်ပါသည်။ ....

ဒေါက်ဒေါက်.....

"အကိုလေး ကျွန်မ အေးပုံပါ"

အေးပုံ က သူကလောသွားနေတုန်းမေမေခေါ်ထားတဲ့ သူ့အသိရွာက ကောင်မလေး အသက်အားဖြင့် ၁၇လောက်သာရှိသေးသည်။

"ဝင်ခဲ့လေ .. လော့ချမထားဘူး"

"အကိုလေးကို ကြီးကြီးက ခေါ်ခိုင်းလိုက်လို့ပါ"

"မေမေကလဲ အောက်မဆင်းချင်ပါဘူးဆိုလုပ်ပီကွာ"

"လာပါအကိုလေးရယ် အေးပုံ အဆူခံရလိမ့်
မယ်လေးလေးကလဲ ရအောင်ခေါ်ခဲ့တဲ့"

စိုင်းခက်လဲ မျက်နှာစူပုပ်ပုပ်ဖြင့် အောက်ဆင်းလာခဲ့သည်။

"စိုင်းခက်လျှံ လာထိုင်စမ်းပါအုံး "

စိုင်းခက်ဖေဖေ ဦးစိုင်းပန်က လေသံမမာမပျော့
ဖြင့်ဆိုလေသည်။ဒေါ်နန်းပန်ခမ်း ကတော့ငြိမ်ပီးသာကြည့်နေလေသည်။

"ဘာလဲ ဖေဖေရာ "

"ဘာ ဘာလဲ လဲ မင်းဘယ်လိုတွေ ဖြစ်နေလဲ
ကိုယ့်ရုပ်ကိုလဲ မှန်ထဲပြန်ကြည့်အုံး ငါမွေးထားတဲ့ရုပ်နဲ့မှတူသေးရဲ့လားလို့ မင်းဘာဆက်လုပ်မှာလဲ ယောကျာ်းတစ်ယောက်တွက်အဲလောက်
ဖြစ်နေစရာလိုသလား "

"ဖေကြီးရယ် သားလေးကိုအဲလိုတွေမပြောပါနဲ့ ကောင်းကောင်းမွန်မွန်ပြောပါ"

"ဘယ်သူကရော ဒီလိုဖြစ်ချင်မှာလဲ နှလုံးသားက သူ့အလိုလိုဖြစ်နေတာလေ ဖေဖေအသဲမကွဲဖူးပဲနဲ့ တစ်ဖက်သတ်တော့အဲလိုမပြောပါနဲ့"

စိုင်းခက်က နှုတ်ခမ်းလေးများဆူထောင်၍ ဂျစ်ကန်ကန်ပြောလေသည်။

"ဘာကွ မင်းက ငါ့ကို ပြန်ခံပြောနေတာလား" တော်တော် မင်းမနက်ဖြန်ကစပီး ငါ့အလုပ်ထဲကို လိုက်ခဲ့ ငါ့အလုပ်စိတ်မဝင်စားရင် မင်းတတ်ထားတဲ့ပညာကို အသုံးချ ငါဒါပဲပြောမယ်"

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now