အပိုင်း(၁၇) uni & zg

7.8K 266 9
                                    

Unicode

"မေမေရေ ... သားပြန်ရောက်ပီ "

အိမ်ထဲဝင်ဝင်ခြင်း စိုင်းခက် ဒေါ်နန်းပန်ခမ်းကို အရင်ရှာတော့ သည်။ မီးဖိုချောင်ထဲလဲမရှိသဖြင့် သန့်ရှင်းရေးလုပ်နေတဲ့ အေးပုံကို မြင်တော့မှ ...

" အေးပုံ မေမေရော "

"ဟာ အကိုလေး ပြန်လာပီလား အေးပုံဖြင့် အကိုလေးကိုမှတ် တောင်မမှတ်မိချင်တော့ဘူး "

"ဒီကောင်မလေး ငါခေါက်လိုက်ရ နာတော့မယ် ၊ မေမေဘယ်မှာလဲ "

"ဦးကြီး နဲ့ ကြီးကြီး က အလုပ်ရှိလို့မနက်ထဲက
ထွက်သွားတာ ခနနေလောက်တော့ ပြန်ရောက် လောက်ပါတယ် ၊ အကိုလေး အဆူခံရတော့မှာသိလား ဦးကြီးက ပြန်လာရင် ငါ့နဲ့တွေ့ကြသေးတာပေါ့တဲ့ မနေ့က ကြီးကြီးကိုပြောနေတာ"

"ငါကြိုတင်ပြင်ဆင်ပီးသားပါ ဟဟ စိုင်းခက်လျှံပါ ခုငါ့အတွက် သံပုရာဖျော်ပီး ဧည့်ခန်းထဲယူခဲ့"

စိုင်းခက် ဆိုဖာပေါ်တွင်ခြေပစ်လက်ပစ်ဝင်ထိုင် ပြီး ခန့်မှူးလွင်ဆီ ဖုန်းဆက်လိုက်သည်။

"ပြောကြည့်ပါအုံး အလေနက်တောလေး "

"ဘာကွ မင်းကရော ဘာထူးလို့ ငါ့လာပြောနေတာလဲ"

"ဟားဟား ငါလဲတူတူဘဲလေ "

"ဟာသနောက်မှလုပ်ကွ ခုပြောစရာရှိလို့ ခနနေ ငါ့မွေးသဖခင် ကြီးရဲ့ အပွါးခံရတော့မယ် ၊ အဲတော့ မင်းနဲ့ငါ ရုံးခန်းငှါးပီး ဆောက်လုပ်ရေး company ဖွင့်မှာလို့ငါပြောမလို့ အဲတာမင်းကို လှမ်းမေးရင် မသိပဲဖြစ်နေမှာစိုးလို့ငါကြိုပြောထားတာ"

"မင်းတကယ်လုပ်ဖို့ရော တွေးထားလား "

"အေးလုပ်တော့လုပ်ချင်တယ် မင်းရောစိတ်ဝင် စားလား "

"ဆိုးတော့မဆိုးဘူးကွ အဲကိစ္စငါတို့တစ်ရက်တိုင် ပေကြမယ်လေ "

"အေးအေး ဟာကားသံကြားတယ် ပြန်လာကြပီ ဒါပဲဟျောင့်ရေ "

စိုင်းခက် ပတ်လက်အိပ်နေရာကနေ ထထိုင်လိုပီး သံပုရာလေးသောက်ပီး ဟန်မပျက်ထိုင်နေလိုက် သည်။

"ဟယ် မေ့သားငယ်လေး ပြန်ရောက်နေပီလား ဘယ်ချိန်ထဲက ရောက်နေတာလဲကွယ် "

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Место, где живут истории. Откройте их для себя