အပိုင်း(၁၄) uni & zg

8.2K 267 2
                                    

Unicode

80 x 16 လမ်း မန္တလေးကျုံးကြီးဘေးရှိ အထင်ကရ တစ်ခုဖြစ်တဲ့ ရွှေဘဲစားသောက် ဆိုင်ကအပေါ်ထပ်ကနေ လှမ်းကြည့်ရင်
ကျုံးရေပြင်ကို မြင်နေရတဲ့အတွက် ဒီဆိုင်က တကယ်ထိုင်လို့ကောင်းတဲ့ဆိုင်တစ်ဆိုင်ဖြစ်သည်။ သူ့ဆိုင်ရဲ့ အဓိက ဟင်းလျာ ဘဲကင်ကလဲ နာမည်ကြီးသည်။ လေပြေသွေးက ဘဲကင်မှဘဲကင်ဖြစ်နေ၍ စိုင်းခက်တို့ရောက်လာခြင်းပင်...

ခန့်မှူးလွင် ဘိုကင် တင်ထားတာက အပေါ်ထပ်ဝိုင်းဖြစ်၍ ဓာတ်လှေကားဖြင့်တက်ခဲ့လိုက်သည်။ဓာတ်လှေကား ပွင့်ပွင်းခြင်းမြင်ရသည်က ...
အခန်းကျယ်ကြီးတစ်ခုထဲတွင် စားပွဲဝိုင်းအများကြီး နှင့် ကျုံးမျက်နှာပြင်တစ်ခုလုံးကို မြင်ရအောင် လုပ်ထားသောမှန်ချပ်များဟာ ဟာလဲ ရွှေဘဲရဲ့ ဆွဲဆောင်မှုတစ်ခုပင် ။ စိုင်းခက်တို့ ဝိုင်းက ထောင့်အကျဝိုင်းကိုမှမှန်ချပ်တွေနဲ့အနီးဆုံးဝိုင်းဖြစ်သည်။သူတို့လဲ ဝိုင်းတွင်ဝင်ထိုင်လိုက်တော့ waiter ကောင် လေးတစ်ယောက်ရောက်လာသည်

"ကိုယ် ဘိုကင် ကြိုမှာထားပီးသား ညီလေး လိုတာရှိမှ ထပ်မှာမယ် ခန့်မှူးလွင် နာမည်နဲ့ဟာနော်"

" ဟုတ်ကဲ့ပါဗျ"

"စိုင်းခက် မင်းဘာမှာအုံးမလဲ "

"ဒီမှာ ဘာဝိုင်တွေရလဲ "
စိုင်းခက်ကတော့ အသောက်လေးပါလိုက်ရမှဖြစ်သည်။ခန့်မှူးလွင်ကတော့ လုပ်ချင်တာလုပ်ပလေ့စေဟုသာ တွေးလိုက်တော့သည်။

"......... တွေ ရပါတယ်ဗျ ဧည့်သည်ဘာသုံးဆောင်
ချင်ပါလဲဗျ "

"အင်း ဒါဆို ..... ပဲယူလိုက်မယ်"

"ဟုတ်ကဲ့ပါခဗျ "

မှာထားတာတွေ လာမချခင်သူတို့လဲ ထွေရာလေးပါး လျှောက်ပြောနေကြလိုက်သည်။ ခန့်မှူးလွင်က သူနဲ့လေပြေသွေးအကြောင်းတွေလဲ ပြောပြတာအပြီးနိုင် မစီးနိုင် ၊ အရင်ကတော့အချစ်က ပူတယ်အလုပ်ရှုပ် တယ်ပြောတဲ့ကောင်က ခုတော့ ကလေးလေး ကလေးလေးနှင့်အမြင်ကပ်စရာကောင်းလှ၏ လေပြေသွေးကတော့ သူ gay ဆိုတာ come out လုပ်ပီးသားဖြစ်သဖြင့် မိသားစုက အကုန်လက်ခံကြသည်။ ခန့်မှူးလွင်ကလဲ ပူစရာတော့မရှိပေ အမေတစ်ခု သားတစ်ခုကိုမှ သူ့အမေက ခေတ်မှီသည်ဒီကိစ္စတွေကိုသိသဖြင့် ကန့်ကွက်မှာတော့မဟုတ်။ သူတို့စကားပြောကောင်းတုန်း... မှာထားသမျှလဲရောက်လာသည် ... ။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now