အပိုင်း(၂၄) uni & zg

7.5K 252 21
                                    

Unicode

မနက်ဖြန်တိုင်းက အရင်လို မျှော်လင့်ချက်မရှိ၊ပျော်ရွှင်စရာမရှိ ၊ အပြုံးတွေဆိုတာကလဲ သူမရှိကတည်းက ပျောက်ကွယ်သွားလေသည်။ ၂ပတ်ဆိုတဲ့အချိန်က ခနလေးပေမဲ့ သူ့အတွက် တော့ကြာလွန်းလှသည်။ မနက်ခင်းတိုင်း စာပို့
ခွင့်မရှိတော့တဲ့ Conversation ၊ ဆက်ခွင့်မရှိတော့တဲ့ ဖုန်း contact ၊ မီးစိမ်းနေသော active now လေးက ဘာမှမဖြစ်သလိုပင်နေနေတာ ၂ပတ်ရှိပြီလေ ။ ကိုယ်ကစပြီး ဆက်သွယ်ချင် ပေမဲ့ ချစ်ရသူက မဆက်သွယ်ရဘူးလို့ အမိန့်ချထားသည်မဟုတ်လား ။ ကိုယ့်အဖြစ်က မလာ
မှန်းသိရက်နဲ့ မျှော်နေမိတုန်း ။...

ခုချိန်မှာ မင်းသာပျော်နေမယ်ဆိုရင် ကိုယ်ငိုနေရလဲ ကျေနပ်ပါတယ် ခက် ရယ် ချစ်ခဲ့မိတာကို ... မေ့မပြစ်နိုင်ပါဘူးလေ ။ .....သောက်လေ့မရှိတဲ့ ဆေးလိပ် အငွေ့တွေကို ရှူထုတ်နေရင်း ဝရံတာမှာ တစ်ယောက် ထဲ အတွေးလွန်နေလေသည်။ ညရောက်တိုင်း ကိုယ်ဟာ ခန္ဓာရှိပြီး အသိစိတ်ကင်းမဲ့နေတဲ့ လူတစ်ယောက်လိုပါ ၊ မင်းနဲ့ပတ်သတ် တဲ့အရာတွေ ပြန်တွေးလိုက် မင်းကိုသတိရလိုက် နဲ့မို့ ။ ခုလဲကိုယ် ကြယ်တွေကို ကြည့်ရင်း မင်းအပြုံးတွေကို မြင်ယောင်နေပါတယ် ခက် ရယ် ။ပစ်သွားသူကသာ မေ့မေ့ပျောက်ပျောက် ကျန်ခဲ့တဲ့သူကတော့ မုန်းဖို့ခက် မေ့ဖို့ခက်ပါပဲ ။.....

အတွေးတွေကို အဆုံးသတ်ကာ အိမ်ထဲပြန်ဝင်ခဲ့
လိုက်ပြီး စားပွဲတွင် အဆင်သင့်ချထားတဲ့ Double Black ကို ငဲ့လိုက်ပြီး ဆိုဖာတွင်ဝင်ထိုင် ကာ တစ်ကျိုက်ထဲ မော့လိုက်သည်။

" ဒီနေ့လဲ ကိုယ်သောက်ဖြစ်နေပြန်ပြီခက်ရယ် "

"လွမ်းတယ် အရမ်းကိုလွမ်းတယ် ကလေးရယ်"

ထိုက်ကျယ်လောင်စွာကို အော်ဟစ်တမ်းတမိလေသည်။

Ring ! Ring ! ဖုန်းခေါ်သံကြားပေမဲ့
သူ မကိုင်လိုက် ဘယ်သူ့မှစကားမပြောချင်ပေ။

Ring ! Ring ! နောက်တစ်ခေါက်ထပ်ခေါ်လာသဖြင့် ဖုန်းအား ကြည့်လိုက်တော့ ခက် ❤️ ဆိုတဲ့ အဝင် call လေး ထိုက်ဖုန်းကို အမြန်ကိုင်လိုက်ရသည် ။ ဆက်လိမ့်မယ်လို့ မထင်ခဲ့ဘူးလေ ။ အချိန်ကလဲ ၁၀ နာရီပင်ရှိနေပြီ....။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now