အပိုင်း(၂၅) uin & zg

7.9K 231 9
                                    

Unicode

ဖွင့်ပွဲပြီးပေမဲ့ ရုံးပိတ်ချိန် ညနေ ၅နာရီမှအိမ်ပြန်ခဲ့လိုက် ကြသည် ။ ညကျရင် ခန့်မှူးတို့နှင့် club သွားရန်ချိန်းခဲ့လိုက်သည် ။ဝေယံတို့ နှင့်မတွေ့တာကြာလို့ရောသူတို့ဖွင့်ပွဲအတွက် အောင်ပွဲခံဖို့ သွားသောက် ကြမည်။ဟိန်းကတော့ အိမ်ရောက် ရောက်ခြင်း ခနနား၍ ရေတန်းချိုးသည် ။
စိုင်းခက်က အိပ်ယာထဲမှာပဲ ခုထိ အပျင်းထူနေတုန်းပင် ၊ ဟိန်းရေချိုးပြီးသည် ထိမထသေး ။ ဟိန်း အိပ်ယာဘေးတွင် ဝင်ထိုင်ပြီး စိုင်းခက်ကို ရေချိုးရန် လှုံ့ဆော်ရတော့သည်။

" စိုင်းခက် ထတော့ အပျင်းထူနေတယ် တစ်နေကုန် ချွေးတွေနဲ့ ပင်ပန်းလာတာကို သွားထ ရေချိုး "

စိုင်းခက် အိပ်ယာတွင် ဟိုလှည့်ဒီလှည့် အကျောဆန့်ပြီးမှ ထထိုင်ကာ ရေချိုးခန်း ဝင်ခဲ့လိုက်သည်။ ပြန်ထွက်လာတော့ ခါးတွင် တဘတ်၁ထည် သာပတ်၍ ထွက်ခဲ့လိုက်သည် ။ ဟိန်းက ကုတင် ကိုမှီ၍ ထိုင်ကာ စာဖတ်နေရင်း စိုင်းခက်ကို မော့ကြည့်လိုက် သည် ။ စိုင်းခက် အရင်ထက်စာရင် ပိုချောလာသည်။ ကျောင်းတုန်းက နေပူထဲသွားတာများလို့ အသားဖြူပေမဲ့ နေလောင်တာတွေရှိသေးသည်။ ခုကျ ဖွေးအုနေတဲ့ ခါးသေးသေးလေးကဗိုက်သားတွေ gym မဆော့လို့ 6 pack မရှိပေမဲ့ ရှိသင့်တဲ့ မာဆယ် ရှိသဖြင့် ကြည့်လို့ကောင်းလှသည် ။ ဟိန်း ငေးကြည့်နေတော့
စိုင်းခက်က ချောင်းဟန့်ကာ

"ငါအရမ်းချောလာလို့ တအားကြွေနေပြီလား "

" မင်းချောတာ ငါ့ကို မမှီသေးပါဘူး ဒါမဲ့ ကြွေနေပြီးသားပါ ခုမှကြွေတာ မဟုတ်ဘူး ၊ အကျီဝတ် တော့ အအေးပတ်မယ်"

ဟိန်းအပြောကြောင့် စိုင်းခက် မျက်ခုံးပံ့ကာ အံ့ဩသွားရသေးသည် စကားတွေတအားတတ် လာလို့လေ ၊ စိုင်းခက် ဘောင်းဘီတိုနဲ့ t shirt လေးကောက်ဝတ်ပြီးမွေ့ယာတွင် ဝင်ထိုင်လိုက် ကာ ဟိန်းဘက်လှည့်၍ ညကိစ္စပြောရသည်။ ဟိန်းက club သွားရတာမကြိုက် သူမို့ မလိုက်ချင်လျှင် ဇွတ်မခေါ်ဘူးလို့တော့တွေးထားသည်။

"ဟိန်း ညကျရင် club သွားမလို့ အဲတာမင်းလိုက်မှာလား "

ဟိန်းကစာအုပ် အားဘေးချ၍ စိုင်းခက် ဘက်
လှည့်ကြည့်ရင်း

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now