chapter 1

223 17 1
                                    

 ဂျီတုန် က ကြယ်ပင်လယ်ကြီး အလယ်မှာ နိုးထလာခဲ့တယ်။

ကမ္ဘာတစ်ခုလုံးက လည်နေပြီးတော့ သူကိုယ်တိုင်က လေဆင်နှာမောင်း အလယ်မှာ ရောက်နေသလို ခံစားနေရတယ်။ သူ့ရဲ့ရှေ့မှာတော့ ကာတွန်းထဲက ပုံစံနဲ့တူတဲ့ မှုန်၀ါး၀ါး ဥက္ကာပျံ တစ်ခု ရှိနေတယ်။

"smart smart smart မင်းရှိနေလား smart"

ဂျီတုန် သူ့ကို ခုလေးတင် စက်သံနဲ့စကားပြောနေတဲ့ ဉာဏ်ရည်မြင့်၀န်ဆောင်မှုစက် ကို ခေါ်လိုက်တယ်။

အခန်းက ခနလောက် တိတ်ဆိတ် သွားပြီးတော့မှ အီလက်ထရောနစ် အမျိုးသား အသံက ထွက်ပေါ်လာခဲ့တယ် "ပြောပါ "

"ငါ ကူးပြောင်းသွားမယ်လို့ပြောတဲ့ system က ဘာဖြစ်သွားတာလဲ " မူး‌‌ဝေနေတဲ့ ဂျီတုန် က စိတ်တိုတို နဲ့မေးလိုက်တယ်။ "အဲ့တာက အ၀တ်လျှော်စက်လို့တော့ ငါ့ကို မပြောနဲ့နော်။"

"ကျေးဇူးပြုပြီး system လမ်းညွှန်စာအုပ်ထဲက အခန်း2 ရဲံ အပိုဒ် ၃ ကို ကြည့်ပေးပါ။ ဒါက host ဦးနှောက်ထဲက စိတ်ခံစားချက် နေရာမှာပါ ပြီးတော့ အခုလက်ရှိ host ရဲ့ စိတ်ခံစားမှု အခြေအနေ ကို ဖော်ပြပေးနေတာ ဖြစ်ပါတယ်။ သင်က ဒီနေရာက ထွက်ဖို့ အတွက် တိကျတဲ့လုပ်ဆောင်ချက်ကို ရွေးချယ်ပေးပါ။"

ဂျီတုန် က စက် အသံကို နားထောင်နေရင်းဘဲ လုံခြုံတဲ့နေရာကို ရွှေ့လိုက်တယ်။

Host ရဲ့ သတိတရား နေရာမှာ ရှိတဲ့ ဂျီတုန် က အလင်းရောင်ထွက်နေတဲ့ အစိမ်းရောင် data စီးကြောင်းလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ စက်ရုပ်ပုံစံ ရှိပါတယ်။ သူက စိတ်ခံစားချက် အပိုင်းတွေကို ခွဲခြားပေးတဲ့ တံခါးကို ကြည့်ပြီး အဆုံးမရှိတဲ့ အကြောက်တရားတွေနဲ့ မေးလိုက်တယ် "သူ ရိုလာကိုစတာ စီးနေတာများလား။"

"Host က အခု သူ့ဘ၀ရဲ့ အခက်ခဲဆုံး အချိန်ကို ကျော်ဖြတ်နေရတဲ့ အချိန်ပါ။" ၀န်ဆောင်မှုစက်က သူ့ကို တိုက်တွန်းလိုက်တယ်။"အခုက သင်က ထွက်လာပြီး ကူညီပေးရမယ့် အကောင်းဆုံး အချိန် ရောက်ပါပြီ။"

"ထပ်ပြီးတော့ သတိပေးပါရစေ။ သင်ကအဓိက အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့ လမ်းညွှန်ချက်တွေကို လိုက်နာပြီး ဇာတ်လမ်းပြီးဆုံးအောင်နဲ့ သက်ဆိုင်ရာ growth point ရအောင် host ကို ကူညီရမှာဘဲ ဖြစ်ပါတယ်။ တကယ်လို့သာ အဓိကဇာတ်လမ်းက ကွဲပြားမှု များသွားမယ် ဆိုရင်တော့ ဇာတ်လမ်းကမ္ဘာက ပြိုကျသွားပြီးတော့ အပိုင်းအစလေးတွေ အဖြစ် ပျက်စီးသွားပါလိမ့်မယ်။ အရာအားလုံးက ပျောက်ကွယ်သွားပြီးတော့ သင့်ရဲ့ နှစ်ကုန်ဘောနပ်စ်လည်း အဖြတ်ခံရပါလိမ့်မယ်။"

စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ့!!!Where stories live. Discover now