chapter 17

82 11 2
                                    


ဟယ်ရှီဝမ်က မြန်မြန်ဘဲ လုပ်ဆောင်ခဲ့တယ်။ စာချုပ်မှာလက်မှတ်ထိုးပြီးတဲ့ အခါမှာတော့ အနီးအနားက ဆေးရုံမှာ ဖေချင်းယွမ် ဆေးစစ်ချက်လုပ်ပြီးကျန်းမာရေးထောက်ခံချက်အတွက် ဆေရုံမှာ ကြိုတင်စာရင်းသွင်းလိုက်သည်။ သူက ဖေချင်းယွမ်ကို တံခါးအပြင်ဘက်ကို မတွန်းထုတ်ခင်မှာ ဆေးစစ်ခပါ အတင်းထည့်ပေးလိုက်သေးကာ သူ့ငြင်းမှာစိုး၍ ဆေးရုံမြန်မြန်သွားဖို့တောင်ပြောလိုက်သေးသည်။

"ဆေးစစ်ပြီးရင် အိမ်ပြန်ပြီး နားလိုက်တော့။ မနက်ဖြန်နဲ့ တနဂ်နွေနေ့မှဘဲ အလုပ်လာခဲ့။ ဆေးစစ်ချက်ရပြီဆိုတာနဲ့ ကော်ပီကို ဦးလေးဆီ ပို့လိုက်ပြီး ဖိုင်ကိုတော့ မင်းဘဲ သိမ်းထားလိုက်ပါ။"

ဟယ်ရှီဝမ်က လုပ်ရမယ့် ကိစ္စတွေပြောပြီးတာနဲ့ ဆိုင်ထဲကနေ ရပ်ပြီး သူ့ကို လက်ပြလိုက်တယ်။" မနက်ဖြန်မှတွေ့မယ် ရှောင်ဖေ။"

နောက်တော့ သူနောကလှည့်လိုက်ပြီး ကာစတန်မာတွေကို လိုက်နှုတ်ဆက်နေလိုက်၏။

ဆိုင်ကရောင်းအားကတော့ကောင်းသည်။ အခုလက်ရှိမှာ အလုပ်သမားဟူ၍ မုန့်ဖုတ်ဆရာတစ်ယာက်နဲ့ ပိုင်ရှင် ဟယ်ရှီဝမ် သာလျှင်ရှိသည်။ သူတို့နှစ်ယောက်က ပုံမှန်နေ့တွေလည်း အလုပ်များပေမယ့် ပိတ်ရက်တွေဆို ပိုတောင် အလုပ်များသေးသည်။ ဒါ‌ကြောင့် ပိတ်ရက်တွင် မုန့်ဖုတ်ဆရာကို ကူညီရန်၊ ငွေရှင်းတဲ့နေရာမှာ လုပ်ဖို့၊ပြီးတော့ကာစတန်မာတွေကို နှုတ်ဆက်ဖို့ အချိန်ပိုင်းအလုပ်သမား ခန့်ဖို့တွေးလိုက်မိခြင်းဖြစ်သည်။

ဒီအလုပ်က သိပ်ပြီး မပင်ပန်းချေ ပြီးတော့ နာရီပိုင်းကြေးကလည်း သင့်တော်သည်။ ဟယ်ရှီဝမ်က လူမခန့်နိုင်တာ တော်တော်ကြာနေပြီဖြစ်ပေမဲ့ အရင်နေ့က ဆိုင်ရှေ့မှာ လာငေးကြည့်နေတတ်တဲ့ ကျောင်းသားလေးကို သတိထားမိလိုက်သည်။ နောက်တော့ အကြောင်းပြချက် တချိုကြောင့် လာလျှောက်သမျှလူအားလုံးကို ငြင်းလွှတ်လိုက်မိသည်။

ဒီကျောင်းသားလေး တကယ်ရောက်လာတာ ကံကောင်းသွားတာဘဲ။

ဖေချင်းယွမ် ဆိုင်ရှေ့က တံခါးမှာ မတ်တပ်ရပ်နေခဲ့၏။ ဟယ်ရှီဝမ်က သူ့ကို ငွေသားပေးလိုက်တဲ့ အပြင် လတ်လတ်ဆတ်ဆတ်ဖုတ်ထားတဲ့ ပေါင်မုန့်တွေကို ထည့်ပေးထားလိုက်သည်။ အနံ့ချိုချိမွှေးမွှေးလေးကြောင့် ဂျီတုန် စိတ်ခံစားချက်နယ်မြေထဲမှာ တံတွေးမမျိုချဘဲ မနေနိုင်တော့ပေ။

စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ့!!!Where stories live. Discover now