chapter 8

87 12 0
                                    

*အဓိကဦးနှောက်ရဲ့ကိုယ်စားလှယ်ဆိုတာက ရှည်လို့ ကိုယ်စားလှယ်လို့ဘဲပြောင်းလိုက်တော့မယ်နော်*

အဓိကဦးနှောက်ရဲ့ ကိုယ်စားလှယ်က စစ်စတန် 0361 ရဲ့အခြေအနေကို စောစောသတိထားမိသွားတယ်။ သူက အခင်းနေရာကို မြန်မြန်ထိန်းချုပ်လိုက်ပြီး မတော်တဆဗိုင်းရပ်စ်ကူးစက်မခံရစေရန် အခြားစနစ်တွေကို 0361နဲ့ အဝေးမှာ နေခိုင်းလိုက်တယ်။

ဂျီတုန်က ခနလောက်လန့်သွားကာ သူ့ရဲ့ အရုပ်လုပ်ဖော်ကိုင်ဖက် အဆင်ပြေမယ်ဆိုတာ သိမှ သက်သာရာရသွားတယ်။

အဓိကဦးနှောက်ရဲ့ ကိုယ်စားလှယ် ပြဿနာဖြေရှင်းပြီးသွားတဲ့နောက်မှာတော့ 0361 ရဲ့ ဘေးနားမှာ စစ်စတန် 0587 ကိုတွေ့လိုက်ရတယ်။

"no 0361 က ဘာလို့ရုတ်တရက်ကြီး ဗိုင်းရပ်စ်ကူးသွားရတာလဲ။" ကိုယ်စားလှယ်က သူ့ကို စိတ်ထိခိုက်နေတဲ့ စက်အသံနဲ့မေးလိုက်တယ်။

ဂျီတုန်ကိုယ်တိုင်ကလည်း ဒီမေးခွန်းကို သိချင်နေတာပါဘဲ။ သူက အရုပ်ကို စကားနည်းနည်းဘဲပြောရသေးတယ် လန့်စရာကြုံရလိုက်သည်။

"စက်ချို့ယွင်းတာဘဲဖြစ်ရမယ်။" ဂျီတုန်က ရွံရွံရှာရှာနဲ့ ပြောလိုက်တယ်။ "မင်းရဲ့ စစ်စတန်ကမ္ဘာထဲမှာ ပျံ့နေတဲ့ ဗိုင်းရပ်စ်က တော်တော်ကိုဆိုးရွားလွန်းတာဘဲ။"

"..."ကိုယ်စားလှယ်က တစ်ခုခုပြောချင်နေပေမဲ့ ဂျီတုန်ဖြတ်ပြောတာခံလိုက်ရတယ်။

တချိန်တည်းမှာ စစ်စတန်တွေအများကြီးနဲ့ ဒေတာတွေအများကြီးရှိနေတဲ့ အတွက်ကြောင့် no 0361ရဲ့ ဗိုင်းရပ်စ်ကို မြန်မြန်ဖယ်ရှားနိုင်ပြီး လွန်ခဲ့တဲ့ ၅မိနစ်ခန့်က ဒေတာကိုပြန်သိမ်းထားနိုင်ဖို့ အဓိကဦး‌နှောက်က အစကပြန်စဖို့ရွေးချယ်လိုက်တယ်။ ဆိုလိုချင်တာက သူ မတော်တဆမှုမတိုင်ခင် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သူမသိနိုင်တော့ပေ။

စစ်စတန် 0587 ရဲ့ ဒီနေ့ အစည်းအဝေးပွဲမှာ အာရုံမစိုက်တာရယ်၊ သူ့လုပ်ဖော်ကိုင်ဖက် မတော်တဆဖြစ်သွားတာတွေကို ကြည့်လိုက်မယ်ဆိုရင် အဓိကဦးနှောက်က သူ့ကို ဂရုတစိုက်ကြည့်ရှုရမယ်လို့တွေးလိုက်တယ်။

စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ့!!!Where stories live. Discover now