chapter 10

81 13 0
                                    

ဂျီတုန်က ခနလောက်ပြိုကွဲသွားတယ်။ သူက ရုပ်ချောချောကောင်လေးကို ခိုးကြည့်နေတာ မိသွားရင် ဘယ်လိုလုပ်ရမလဲ။လိုင်းပေါ်ကနေ ၀.၁ စက္ကန့်အတွင်းအကူအညီတောင်းတဲ့ပို့စ်တွေ ရှာကြည့်တော့ ဘာမှမတွေ့ခဲ့ပေ။ ဒါကြောင့် အားလုံးကို တာဝန်အပေါ်မှ,ဘဲ အပြစ်ပုံချလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

"ဒါက စစ်စတန်တွေအားလုံးရဲ့တာဝန်ဘဲလေ။" ဂျီတုန်က သဘာတကျကျဘဲပြောလိုက်ပြီး "host ရဲ့ကျောင်းက အခြေအနေက စိတ်ပူရတယ်လေ ပြီးတော့ ကျွန်တော်က ခုမှ တာဝန်ထမ်းဆောင်တာ ပထမဆုံးဆိုတော့ host တွေ့ကြုံနိုင်တဲ့ အခြေအနေတိုင်းအတွက် အစီအစဉ်အများကြီးရော အတွေ့အကြုံတွေ‌ရော မရှိသေးဘူလေ။ ဒါကြောင့်မို့ လိုရမယ်ရ host ကိုစောင့်ကြည့်နေရာဘဲဖြစ်တယ်။"

"အချိန်အကြာကြီး အဝေးကနေ ‌စောင့်ကြည့်တာက ကျွန်တော့်ရဲ့ မမ်မိုရီကိုပြည့်စေပြီးတော့ စက်ရုပ်ကိုယ်ထည်ကို ပူစေပေမယ့် host အတွက်လုပ်ပေးနေရတာ။ host ဂရုစိုက်မနေပါနဲ့။"

ဒီရှင်းပြချက်က ကျိုးကြောင်းသင့်လျော်ပြီးတော့ သူကိုယ်တိုင်တောင်မှ မြန်မြန်ဘဲ ယုံသွားတယ်။

ဖေချင်းယွမ်က ဒါကိုကြားလိုက်ပြီးတော့ ဒီရှင်းပြချက်ကို လက်ခံလိုက်တဲ့ပုံပေါ်သည်။ နောက်တော့ သူက ထပ်ပြီး စာကြောင်းထဲက အဓိကအချက်ကို ဖမ်းဆုတ်မိပြန်သည်။ " မင်းရဲ့ ပထဆုံးအကြိမ်။"

"မှန်ပါတယ် host။" ဂျီတုန်က ပြန်ဖြေလိုက်တယ်။ "ဒါကြောင့်မို့ host ကိုတာဝန်ထမ်းဆောင်နေတဲ့ အတောအတွင်း မလွဲမသေ အမှားသေးသေးလေးတွေ ဒါမှမဟုတ်ရင် ပြဿနာကြီးကြီးမားမားလေးတေါ ရှိလာခဲ့ရင် host နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော် ကျိန်းသေပေါက်ကို ကျွန်တော့ ဝန်ဆောင်မှု အရည်အသွေးကောင်းအောင်ကြိုးစားပါ့မယ်‌။"

သူက host ကို သူရဲ့ နောက်အမှားတွေအတွက် ကြိုကာထားရမယ်။

ဖေချင်းယွမ်က ဒီစကားတွေကြားတဲ့ အချိန်မှာတော့ ဘာမှထပ်ပြောမလာတော့ပေ။သူခေါင်းကိုဘဲ တိတ်တဆိတ်ငုံ့လိုက်ပြီး ထမင်းဘဲဆက်စားနေလိုက်သည်။

စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ့!!!Where stories live. Discover now