chapter 11

81 12 0
                                    

ညနေခင် ၅နာရီကျော်မှာ ဆရာအစည်းအဝေးပွဲပြီးဆုံးသွားခဲ့ပြီး ကျောင်းခေါင်းဆောင်နဲ့ ဆရာတွေက တယောက်ပြီး တစ်ယောက် အစည်းအဝေးခန်းကနေထွက်လာကြသည်။ သူတို့က အခုချိန်မှာ လူတွေပြည့်နေတဲ့ သင်ကြားရေးအဆောက်အအုံဘက်ကို လျှောက်သွားခဲ့တယ်။

"ကျမ အဲ့ဒီ့က‌လေးတွေကို စိတ်ပူစရာမလိုတဲ့ အချိန်ခပ်ရှားရှားရယ်။ တနေ့လည်ခင်းလောက် မကြည့်လိုက်ရတာ စိတ်ပေါ့သွားတာဘဲ။"

"ကျမအတန်းက ကလေးတွေလဲ သန့်ရှင်းရေးဘယ်လိုလုပ်နေလဲ မသိဘူး။နောက်မှဘဲ နေရာပြောင်းလိုက်ဦးမယ်။"

ဆရာတွေက ၂ယောက် ၃‌ယောက်စုပြီ စကားပြောနေကြ၏။ ကျိုးဖန်က သူတို့အနောက်ဆုံးမှာ ကျန်နေခဲ့ပြီးသူမရဲ့နှလုံးသားထဲမှာတာ့ ပူပန်မှုတွေက အုံကြွလာခဲ့တယ်။

ကျောင်ခေါင်းဆောင်တွေက ကျောင်းသားတွေရဲ့ သန့်ရှင်းရေးကိုလိုကစစ်နေကြပြီး မကြာခင်မှာဘဲ အတန်း ၃ရှိတဲ့ အထပ်ကို ရောက်တော့မှဖြစ်သည်။ ကျောင်းသားတွေ ဘာလုပ်နေလဲဆိုတာတော့ ခုထိမသိရသေးပါဘူး။

ကျိုးဖန်ကတော့ ဖေချင်းယွမ်နဲ့ကျောငးသားတွေကြားထဲမှာ ကတောက်ကဆဖြစ်နေလိမ့်မယ်လို့ ထင်နေတာကြောင့် ပုံမှန်အားဖြင့် လိမ္မာရေးခြားရှိတဲ့ အားကကစားကော်မတီဝင်ကို အတန်းခေါင်းဆောင်နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ကြိုမှာထားခဲ့ရတာဘဲဖြစ်တယ်။ ဒါပေမဲ့လည်း ဒီကလေးတွေ ဘယ်လိုတွေးနေမလဲဆိုတာတော့ သူမသိနိုင်သေးပေ။

သူမဘေးနားက ဆရာမက သူမရဲ့ စိုးရိမ်နေတဲ့အမူအယာကိုတွေ့လိုက်တာကြောင့် တံတောင်နဲ့တွတ်လိုက်ပြီး တီးတိုးပြောလိုက်တယ်။ "ကျိုးလောင်ရှီး၊ ကျောင်းပြောင်းလာတဲ့ကျောင်းသားက ရျင်တို့အတန်းထဲမှာ မှတ်လား?"

"အာ..." ကျိုးဖန်က စိတ်ပြန်လည်လာပြီးတော့ "ဟုတ်တယ်လေ။"

"သူကအတန်းထဲကကျောင်းသားတွေနဲ့ရော တည့်ရဲ့လား?" ဒီဆရာမ သေချာကို ကျောင်းမျာ ဒီနေ့ပျံ့နေတဲ့ အတင်းအဖျင်းတွေကိုကြားဖူးပြီးသားဖြစ်သည်။ "တကယ့်ကို ဒုက္ခများတာဘဲ။ မင်းဒီကလေးတွေကို တော်တော်စိတ်ပူနေရမှာဘဲနော်။"

စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ့!!!Where stories live. Discover now