chapter 12

78 12 0
                                    

ဘတ်စ်ကတ်ဘောကစားတဲ့ အထက်တန်းကျောင်းသားတွေရဲ့ ဟော်မုန်းတွေနဲ့ ပြည့်နေတဲ့အခန်းထဲမှာ ကာတွန်းကားထဲက ထွက်လာပုံပေါ်သည့် မူလတန်းကျောင်းသားလေးက ရုတ်တရက် ဝင်ရောက်လာတော့ အားလုံးအံ့အားသင့်ကုန်ကြ၏။

လှုပ်ရှားမှုတွေ ရပ်တန့်ကုန်တဲ့ အရပ်ရှည်တဲ့ကောင်လေးတွေကြားမှာ ဖူချန်ကျယ်က ပထမဆုံး တုံ့ပြန်လာတဲ့သူဖြစ်သည်။

ဂျီတုန်စကားပြောနေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီး ခံစစ်ကစားသမားဆီက ‌ဘောလုံးကိုဆွဲလုလိုက်သည်။ သူကတဖက်အသင်း မူးဝေနေတာကို အခွင့်ကောင်းယူလိုက်ပြီး ဘောလုံးကိုလက်ဖက်နဲ့ ဆွဲလုလိုက်ပြီး လှလှပပခုန်လိုက်တာ သွင်းလိုက်သည်။

နောက်တော့ ဖူချန်ကျယ်က မြေပေါ် တည်တည်ငြိမ်ကျသွားသည်။ သူကဆံပင်ကိုဖွလိုက်ပြီး ဆွဲဆောင်မှုရှိရှိပို့စ်ပေးလိုက်တာ ပုံမှန်အတိုင်းပြောလိုက်တယ်။ "အဲ့တာဖေချင်းယွမ်ရဲ့ ညီလေးရောက်လာတာလေ။ "

ဖေချင်းယွမ်ရဲ့ ညီလေးက သူ့အကိုကိုခေါ်ဖို့ လက်ကိုဝှေ့ယမ်းလိုက်တာက အရမ်းချစ်ဖို့ကောင်းတာဘဲ။

သူဘောလုံးကို လှလှပပလေးဝင်အောင်သွင်းလိုက်တယ်ဆိုတော့ အဲ့ဒီ့ကလေးက သူ့ကိုရော လေးလေးစားစားနဲ့ တောက်ပပြီး အရောင်လက်နေတဲ့ မျက်လုံးမျိုးနဲ့ကြည့်လောက်မလား?

သူလဲ ကောလို့အခေါ်ခံချင်တယ်လေ။

ဖူချန်ကျယ်က ကျောင်းအလှလေးတွေပြိုင်ပွဲကိုလာကြည့်တဲ့ အခါမှ ပြသတတ်တဲ့ရုပ်ချောတဲ့ပုံစံကို ရုတ်တရက်ကြီးပြောင်းသွားတယ်။

ဒီသူငယ်ချင်းလေးက သူနဲ့စိတ်ဆက်နေသလိုမျိုး သူ့ရဲ့အကြည့်တွေက ဖေချင်ယွမ်ဆီကနေ သူ့ဆီကိုပြောင်းလာခဲ့တယ်။

"ကောင်းကော က အရမ်းတော်တာဘဲ။"

ဖူချန်ကျယ် ပြုံးလိုက်မိသည်။ "လုပ်စမ်းပါ။ ကောင်းကောက မင်းကြည့်ရအောင်လို့ နောက်တစ်လုံးသွင်းပြဦးမယ်။ "

အဖွဲ့ဝင်တွေက သူ့ကိုထူးထူးဆန်းဆန်းကြည့်လာကြ၏။ "ဘယ်တုန်းက မင်းရဲ့မျိုးရိုးနာမည်ကို ကောင်းလို့ပြောင်းလိုက်တာလဲ...?"

စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ့!!!Where stories live. Discover now