chapter 2

108 14 0
                                    

ဆီရဲ့မွှေးရနံ့က လူတွေကို ပျော်ရွှင်စေလျက် အခန်းကျယ်ထဲမှာ မြူခိုးလိုဘဲလှည့်ပတ်နေသည်။

ရှန်ကျင်းရန် က သူ့နားထဲရောက်လာတဲ့ စကားလုံးတွေကြားလိုက်ရချိန်မှာတော့ သူ့ရဲ့ အပြုံးကိုမရပ်တန့်နိုင်တော့ပေ။ သူက လူအုပ်ရဲ့ အစွန်းကနေ ဖေချင်းယွမ် ဆီသို့လျှောက်လာခဲ့တယ်။ သူ့ခြေထောက်တွေက တိမ်တွေပေါ် လျှောက်နေသလိုတောင် ခံစားနေရသည်။

"သခင်လေးဖေ ပြန်ဖို့ အလျင်မလိုပါနဲ့ဦး။ ကျွန်တော်တို့ မတွေ့တာကြာပြီကို ဘာလို့ အတူတူထိုင်ပြီး ထမင်းအတူ မစားနိုင်ရမှာလဲ။"

အပြင်လူတွေအများကြီးရှိနေတာကြောင့်မလို့ဘဲ သူ့ရဲ့ အပြုံးကို ဖိနှိပ်လိုက်ပြီးတော့ သူတော်ကောင်းဆန်တဲ့ စိတ်ပူနေတဲ့အမူအယာကို တပ်ဆင်ထားလိုက်တယ်။

ဖေချင်းယွမ်က သူ့ဖက်ကိုနောက်ကျောပေးထား ပြီးတော့ သူ့ကိုကြားတဲ့ပုံမပေါ်ပေ ။သို့သော်လည်း သူ့ရဲ့ ခြေလှမ်းတွေကတော့ နေရာမှာတင် တန့်သွား‌လေသည်။

ရှန်ကျင်းရန် က ဒါကိုမြင်တော့ ပိုလို့တောင်ပျော်ရွှင်လာသည်။ သူကတခြားသူရဲ့ ရှက်ရွံနေတဲ့ အမူအယာကိုတောင် မြင်ယောင်ကြည့်လို့ရနေသလိုဘဲ။

ဒီပုံစံအမူအယာမျိုးကို ပြသနေရတဲသူက အမြဲတမ်း သူဖြစ်နေခဲ့တာ။ သူကဖေ မိသားစု အိမ်တော်ထိန်းရဲ့ သားဖြစ်ပြီးတော့ ဖေချင်းယွမ် နဲ့ အတူကြီးပြင်းလာခဲ့ခြင်းဖြစ်တယ်။ သူက ဖေချင်းယွမ် ရဲ့ သွေးဝေးအမျိုးအဖြစ်သတ်မှတ်လို့ရပေမဲ့ သူတစ်ခါမှ ဖေချင်းယွမ် ပြုံးတာကို မြင်ဖူးခဲ့ခြင်းမရှိပေ။

ဖေချင်းယွမ်က သူ့ကို သင့်တော်တဲ့ အကွာအဝေးထား၍ သူကဘယ်တုန်းက အိမ်တော်ထိန်းရဲ့သားကို မျက်လုံးထဲ ထည့်မထားသလို အမြဲတမ်းအေးစက်စက်ဘဲ ကြည့်လေသည်။ရှန်ကျင်းရန် က ဒီအကြည့်ဖြင့်အကြိမ်ပေါင်းများစွာ အကြည့်ခံရဖူးလေသည်။

အခုတော့ ဒီလိုခံစားချက်မျိုး ဖေချင်းယွမ် ခံစားရမည့်အလှည့်ရောက်လာပေပြီ။

သူ ဖေချင်းယွမ် ကို ဒီအလုပ်ကို မိတ်ဆက်ပေးဖို့ တစ်ယောက်ယောက်ရှာလိုက်တာ အလဟဿဖြစ်မသွားဘူးဘဲ။

စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ့!!!Where stories live. Discover now