chapter 14

81 11 1
                                    

ဖေချင်းယွမ်က ဂျီတုန့်ရဲ့ အလေးအနက်ပြောနေတဲ့ အသံကြောင့်ရယ်ချင်သွားတယ်။ သစ်ပင်ရဲ့ အလင်းရိပ်အောက်က အလင်းမှုန်တွေက သူ့မျက်လုံးမှာ ထင်ဟပ်နေပြီး သူ့ရဲ့ ပုံမှန်မခြားနားတဲ့မျက်နှာက ချက်ချင်းကိုနူးညံ့သွားတယ်။

လမ်းသွားလမ်းလာတွေကတော့ဖြတ်သွားနေတုန်းပါဘဲ။ ဂျီတုန်က ဖေချင်းယွမ်ရဲ့ အကျီထောင့်ကို ယုံကြည်ချက်ရှိရှိ ဆွဲလိုက်ပြီး စက္ကန့်ပိုင်အတွင်း သုံးနှစ်ခွဲကလေးလေးရဲ့ တောက်ပတဲ့အဆင့်ကို ပြောင်းလိုက်ပြီး "ကော ဘာလို့စားလို့မပြီးသေးတာလဲ? ကျွန်တော်တို့ ကျောင်းသွားသင့်နေပြီလေ!"

သူရဲ့ မနက်စာချိန် တစ်မိနစ်ခွဲဘဲကျန်တော့တာလို့!

"ကောင်းပြီလေ။" ဖေချင်းယွမ် မတ်တပ်ရပ်လိုက်ပြီး သူ့ခေါင်းကဆံပင်နူးနူးညံ့ညံ့လေးကိုပွတ်လိုက်ပြီး "ညရောက်မှ အားကစားခန်းမှာတွေ့တာပေါ့။"

သူလေတိုက်ရာဘက်ကနေကျောင်းကို သွားခဲ့သည်။ သူကျောင်းဂိတ်ကို ဖြတ်လျှောက်လာတဲ့ အခါ သူ့ကိုဆက်ဆံတဲ့ပုံစံတွေကတော့ ပြောင်းလဲသွားခဲ့ပြီ။

တစ်ယောက်မှ သူ့ကို ပွင့်ပွင့်လင်းမလှောင်ပြောင်ရဲတော့ပေ။ တဖက်မှာ ဆရာမတွေက အတန်းတစ်ခုစီကို ထိန်းလိုက်ပြီး တခြားတစ်ဖက်မှာတော့ ဘတ်စ်ကတ်ဘော တစ်သင်းလုံးကသူ့ကို ကာကွယ်ထားလေသည်။ အရပ်ရှည်ရှည်ကျောင်းသား တစ်အုပ်က သူတို့အတန်းဖော်တွေနဲ့ ဝိတ်အများကြီးကွာသေးတာဘဲလေ။

ဒါပေမဲ့လည်း ဒီအသင်းသားတွေက သူ့ကို အသိအမှတ်ပြုတာလား စစ်စတန်ဖမ်းစားတာဘဲခံလိုက်ရတာလား ဆိုတာတော့ ဖေချင်းယွမ်လည်း မသေချာပေ။

ဘာကြောင့်လဲဆိုတော့ သူသွားလေ့ကျင့်တဲ့အခါတိုင်း သူပထမဆုံးကြားရဲ့စာကြောင်းက ပုံမှန်လို 'အဝတ်သွားလဲ'ဆိုတဲ့ စာကြောင်းမဟုတ်တော့ဘဲ 'တုန်တုန် ဘယ်တော့လာမှာလဲ'ဖြစ်နေလေသည်။

နည်းပြရွှီတောင်မှ အကွက်ထဲကျသွားလေပြီ။ အထူးသဖြင့်ကလေးချော့ဖို့ အလုပ်ကို ချစ်ဖို့ကောင်းတဲ ဘဲရုပ်တွေ၊ ဝက်ဝံရုပ်တွေကို ယူလာချေပြီ။ ယောကျ်ားဆန်တဲ့လက်ပိုင်းလူကြီးရဲ့ ဂုဏ်သရေရှိတဲ့ပုံရိပ်ကတော့ တဖြည်းဖြည်းပြိုပျက်သွားလေပြီ။

စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ့!!!Where stories live. Discover now