chapter 16

118 14 2
                                    

လော့ရှိုးယွင် မျက်နှာပေါ်က ရှက်ရွံ့မှုတွေက အရောင်ပြယ်လာခဲ့၏။။ သွေးတွေကုန်ခမ်းသွားလို သူမမျက်နှာက ဖွေးဆုတ်သွားခဲ့ပြီး သူမကြားလိုက်တာကို မယုံနိုင်ခဲ့ပေ။

ဖေချင်းယွမ်ရဲ့ ပြင်းထန်ပြီးတော့ တည့်ကျတဲ့ ငေါ့ပြောလိုက်တဲ့စကား‌ကြောင့် လေထုက မိနစ်ဝက်လောက်ငြိမ်သက်သွားခဲ့တယ်။ နောက်တော့ သူ့အမျိုးတွေက စိတ်မသက်မသာနဲ့ ဒီအခြေအနေကို ဖြေရှင်းနိုင်အောင် ကြိုးစားတော့သည်။

"ဒီလိုပေါက်ကရတွေကို မင်းအမေရှေ့မှာ ဘယ်လိုတောင်ပြောနိုင်ရတာလဲ? ဒါက သူရင်ထဲ ဘယ်လောက်တောင် နာသွားမလဲ? မြန်မြန် မင်းအမေကိုပြန်တောင်းပန်လိုက်။"

ဖေချင်းယွမ် နောက်ပြန်မဆုတ်ဘဲ မဲ့ပြုံးပြုံးလိုက်သည်။ "ကျွန်တော် က သူ့ရင်ကိုနာစေတာ? တကယ်ဘဲ ဘယ်သူက ဘယ်သူ့ကိုတောင်းပန်သင့်တာလဲ?"

သူလော့ရှိုးယွင်နဲ့ တွေ့တဲ့နေ့ကစလို့ အဲ့ဒိချိန်ကလုပ်ခဲ့တဲ့အမှားအကြောင်း သူတို့နှစ်ယောက် ပြောခဲ့ကြဖူးပေ။

လော့ရှိုယွင်က သူ့ရဲ့ ရှင်းပြနိုင်စွမ်းတွေကို ဖေမင်ဟုန်နဲ့ သူမိန်းမဆီမှာ ရှင်းပြရင်းကုန်သွားတာကြောင့် သူ့ကို အစပြုပြီးမပြောပေ။

ဖေချင်းယွမ်ကလည်း စမပြောခဲ့ပေ။ ဘာကြောင့်လည်းဆိုတော့‌ အကြောင်းပြချက်ပေးခံရမယ့်သူက သူလို့ထင်တာကြောင့်ဖြစ်သည်။ သူ့အမေရင်းက သူ့ကိုပြောပြပေးမယ်လို့ထင်ခဲ့တာကြောင့်ဖြစ်သည်။

လော့ရှိုးယွင်က ဖေမင်ဟုန်နဲ့ သူ့အမျိုးသမီး အလဲခံလိုက်ရတဲ့ သူ့သားအတု ဖေယန်နဲ့ တာဝန်ခံရလုနီးပါးဖြစ်ခဲ့ရတဲ့ ဆေးရုံအုပ်ကိုတောင် တောင်းပန်ပေမဲ့ သူ့ကိုတော့ မတောင်းပန်ခဲ့ပေ။

သူက သူနဲ့မတန်တဲ့ သူနဲ့ မဆိုင်တဲ့ ချမ်းသာတဲ့ဘဝမှာ ၁၇ နှစ် နေလိုက်တာကြောင့် သူတစ်ယောက်တည်း အကျိုးရခဲ့တာလား? နစ်နာသူနေရာက အဖယ်ခံလိုက်ရတာလား?

သူ ဒီအကြောင်းတွေကိုစဉ်းစားလေလေ အဲ့ဒီအရာတွေက သူ့ကို ကူကယ်ရာမဲ့သလို ခံစားရစေမယ့် ချောက်နက်တစ်ခုလို ခံစားရစေသလိုမို့ ဖေချင်းယွမ်က ဒီအကြောင်းတွေကို အရင်ကမတွေးချင်ခဲ့ပေ။

စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ့!!!Where stories live. Discover now