chapter 5

96 13 0
                                    


သူနားကြားမှားတာများလားလို့ ဖူချန်ကျယ်ကထင်လိုက်သည်။

ဒီကလေးဘာပြောနေတယ်ဆိုတာ သူဘာလို့ နားမလည်ရတာလဲ။

"မင်းအကိုက ဘယ်သူလဲ၊"

သူကောင်မလေးတွေပြောနေတဲ့ ညီအကိုနှစ်ယောက်ကို ရုတ်တရက်မှတ်မိသွားတယ်။ သူချက်ချင်းဘဲမော့ကြည့်လိုက်တော့ တန်းစီပြီးခေါက်မုန့်ဝယ်နေတဲ့ ဖေချင်းယွမ်ကို တန်းတွေ့လိုက်တယ်။

ဒါပေမဲ့လည်း သူနဲ့ကျောင်းဝတ်စုံတူတူဝတ်ထားတဲ့ကောင်လေးက သူ့ကို အေးစက်စက်တချက်ကြည့်လိုက်ပြီးတော့ တခြားဘက်ကိုပြန်လှည့်သွားတယ်။

ဖူချန်ကျယ်ကပိုလို့တောင်ပဟေဠိဖြစ်သွားသည်။

"မင်းအစ်ကို?ငါသူ့ကိုတောင်မသိတဲ့ဟာ ဘာလို့သူ့ကိုရိုက်ရမှာလဲ?"

သူက အမှတ်၂ကျောင်းရဲ့ ကျောင်းအာဏာရှင်ဖြစ်ပြီးတော့ သူ့ရဲ့ နေတိုင်းလုပ်တာက အတန်းတက်တယ်၊ အိပ်တယ်၊ အတန်းပြီးရင် ဘက်စ်ကတ်ဘောကစားတယ်၊ ‌ကျောင်းဆင်းရင်တော့ အင်တာနက်ဆိုင်သွားပြီး သူ့ရဲ့ ဆဲဖက်ရန်သူဖြစ်တဲ့ အမှတ် ၅ ကျောင်းကသူတွေနဲ့ လိုင်းပေါ်မှာ သေလောက်အောင်ဆဲတာဘဲလေ သူမကြာခဏ ရန်ဖြစ်နေပြီးတော့ ကျောင်းထဲမှာဆို အလှလေးတွေကလွဲပြီး တခြားသူတွေအာရုံသိပ်မထားပေ။

အဲ့တာက စာသင်နှစ်ဝက်စတဲ့ စက်တင်ဘာလ၊ ဖေချင်းယွမ်ကျောင်းပြောင်းလာတဲ့လ ထိဘဲကြာလိုက်သည်။ ဖေချင်းယွမ်က ပုံမှန် နည်းလမ်းအတိုင်း အခြားအတန်းကိုပြောင်းလာခဲ့သည်။ သူရဲ့ ပြောင်မြောက်တဲ့ ရုပ်ရည်က မိန်းကလေးအချို့ကို ဆွဲဆောင်မိသွားပေမယ့် သူက သိပ်ပြီး မကျော်ကြားပေ။ ဖူချန်ကျယ်ကလည်း သူ့အကြောင်းမသိပေ။ ဒါပေမဲ့ ဒီပိတ်ရက်မှာတော့ ဖေယန်ဆီက လမ်းဘေးကြောင်နဲ့ မင်းသားလေးတို့ အလဲခံလိုက်ရတဲ့ ထူးဆန်းတဲ့ အကြောင်းကိုသိလိုက်ရတယ်။

သူက ဖေချင်းယွမ်ကို ရိုက်နှက်မယ်လို့ ပြောနေပေမဲ့လည်း ဖေချင်းယွမ်ကသူ့ရှေ့မှာ ရပ်နေတာတောင်သူမသိပေ။

ကောင်လေးကဒါကိုကြားလိုက်ပြီးတော့ သူ့ရဲ့ ချစ်စရာကောင်းတဲ့ အပြူုးမှာ စိတ်ရှုပ်ထွေးမှုတွေ ရောလျက်ပြောလိုက်သည်။

စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ့!!!Where stories live. Discover now