chapter 7

99 14 0
                                    


ဖေချင်းယွမ်စကားပြောပြီးချိန်မှာတော့ စာသင်ခန်းက အပ်ကျသံတောင်ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားသည်။ ပြတင်းပေါက်အပြင်ဘက်က သစ်ရွက်လေတိုက်သံတောင်ကြားရလောက်သည်။

ကျိုးဖန်လည်းအံ့အားသင့်သွားတယ်။ သူမရဲ့ စိတ်ကိုငြိမ်အောင်ထားလိုက်ပြီးမှ ပြောလိုက်တယ်။

"ရတယ်လေ။ဒါဆို တို့တွေ အတန်း၃ ရဲ့အတန်းခေါင်းဆောင်အဖြစ် ဖေချင်းယွမ်ကို ကြိုဆိုလိုက်ရအောင်။ စာသင်နှစ်က စလာပြီပြီးတော့ အားလုံးကလည်း အထက်တန်းတတိယနှစ်ရောက်လာပြီဆိုတော့ စာတွေကလည်း အရမ်းကိုခက်လာပြီ။ ဆိုတော့ ကျောင်းသားအားလုံး အတန်းခေါင်းဆောင်နဲ့ အလုပ်တွေ ပူးပေါင်းလုပ်ဆောင်ပြီးတော့ အားလုံးဘဲ တိုးတက်မှုတွေလုပ်ကြမယ်လို့မျှော်လင့်ပါတယ်နော်။"

အတန်းပိုင်ဆရာမ စကားပြောပြီးတော့ အတန်းထဲတွင် လက်ခုပ်သံကျဲကျဲ ပေါ်ထွက်လာသည်။ လူတော်တော်များများကတော့ ဖေချင်းယွမ်ကို သံသယတွေနဲ့ ကြည့်နေသေးတယ်။

ကောင်မလေးတစ်ယောက်က သူမနဲ့ ထိုင်ခုံတူတူထိုင်တဲ့ တစ်ယောက်ကို တိုးတိုးကပ်ပြောလိုက်တယ်။

"ခုနက ငါတကယ့်ကို ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်ချင်မိသွားတာ။ ဘယ်လိုလုပ်ကြမလဲ ငါသူ့ကိုထပ်ပြီး ပစ်မှတ်မထားချင်တော့ဘူး။ သူ့အမှတ်တွေက ဘာဖြစ်ဖြစ်အရေးမကြီးတော့ဘူး အနည်းဆုံးတော့ ငါတို့အတန်းမော်နီတာက တကျောင်းလုံးမှာ အချောဆုံးလေ။ ဘယ်လောက်တောင်များ မျက်နှာက...."

လင်းကျစ်ဟိုင် သူ့နောက်က တီးတိုးပြောသံတွေကြားတော့ သူ့ဘောပင်ကို အားနဲ့ဆုပ်လိုက်မိတယ်။

ဘာဖြစ်လို့ ဖေချင်းယွမ်က ဒီလိုပစ်မှတ်အထားခံရတာတောင် တည်ငြိမ်နေနိုင်သေးရတာလဲ။

ဒီလူ့ရဲ့ အကြံတွေက တကယ့်ကို နက်နဲတာဘဲလို့တွေးလိုက်တယ်။

အတန်းထဲမှာ အမြဲတမ်း အလေးအနက်ထားတဲ့ လင်းကျစ်ဟိုင်က ဒီနေ့မှာတော့ သချ်ာဆရာမရဲ့ စကားတွေနားထောင်နိုင်တဲ့ စိတ်အခြေအနေရှိမနေပေ။ အတန်းခေါင်းလောင်းမြည်မြည်ချင်း သူ သန့်စင်ခန်းသွားပြီး ဖုန်းထုတိကာ မက်ဆေ့ပို့လိုက်သည်။

စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ့!!!Where stories live. Discover now